Headlines News :
Home » » တောင်တရုတ်ပင်လယ် အရေးအငြင်းပွားမှုမှာ တရုတ်နှင့် အာဆီယံအဖွဲ့ကြား ပြဿနာတစ်ရပ်မဟုတ်ဟု တရုတ်ပြော

တောင်တရုတ်ပင်လယ် အရေးအငြင်းပွားမှုမှာ တရုတ်နှင့် အာဆီယံအဖွဲ့ကြား ပြဿနာတစ်ရပ်မဟုတ်ဟု တရုတ်ပြော

Written By လွင့်မောင်မောင် on Monday, May 12, 2014 | 8:15 PM


ဘေဂျင်း၊ မေ ၁၁

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုများမှာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ကြား ပြဿနာတစ်ရပ် မဟုတ်ဘဲ တရုတ်နိုင်ငံနှင့် ပြဿနာဖြစ် ပွားလျက်ရှိသော နိုင်ငံအချို့က ထိုအရေး အခင်းကို အသုံးချပြီး အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံ သဘောထား ကွဲလွဲအောင် သွေးထိုးရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှ နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများက တောင်တရုတ် ပင်လယ်အတွင်း ဗီယက်နမ်နှင့် တရုတ်သင်္ဘောများကြား ဖြစ်ပွားခဲ့သော ပဋိပက္ခကို  အလွန်တရာ စိုးရိမ်ပူပန်မိသည်ဟု ပြီးခဲ့သော စနေနေ့က ကြေညာချက် ထုတ်ပြန်ပြီး မကြာမီမှာပင် တရုတ်နိုင်ငံက အထက်ပါအတိုင်း ကြေညာချက် ပြန်လည် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများသည် အာဆီယံထိပ်သီး ဆွေးနွေးပွဲအဖြစ် မြန်မာနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပလျက်ရှိပြီး ထိုဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံအချို့က တောင်တရုတ် ပင်လယ်အရေးတွင် တရုတ်နိုင်ငံ၏ ရန်လိုမှု မြင့်တက်လာခြင်းကို သတိပေးခဲ့ပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ကြောင့် စနေနေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်ထဲတွင် တောင်တရုတ်ပင်လယ် အရေးမှာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ကြား ပြဿနာတစ်ရပ် မဟုတ်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် “တရုတ်နိုင်ငံကို ဆန့်ကျင်သော နိုင်ငံများသည် တောင်တရုတ် ပင်လယ်အရေးကို အသုံးချပြီး အာဆီယံအဖွဲ့နှင့် တရုတ်နိုင်ငံအကြား တည်ရှိသည့် ရင်းနှီးခင်မင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အလုံးစုံကို ထိခိုက်စေရန် ကြိုးပမ်း အားထုတ်လျက် ရှိသည်” ဟု တောင်တရုတ်ပင်လယ် အရေးတွင် တရုတ်နိုင်ငံနှင့် အဓိက အငြင်းပွားလျက် ရှိသည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ကို သိသိသာသာ ရည်ညွှန်းရေးသားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများ လျှော့ချရန်အတွက် ၂၀၀၂ ခုနှစ်က သဘောတူညီခဲ့သော တောင်တရုတ် ပင်လယ်နိုင်ငံများ သဘောတူ ကြေညာချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ကြေညာချက်ထဲတွင် ရေးသားဖော်ပြထားသည်။
“အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တောင်တရုတ်နိုင်ငံများ သဘောတူ ကြေညာချက်အပေါ် လေးစားမှုရှိပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်သလို ပင်လယ်ပြင် လုံခြုံရေးအတွက်လည်း လုပ်ဆောင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက ဗီယက်နမ်နိုင်ငံနှင့် အငြင်းပွား ရေပိုင်နက်အတွင်းသို့ တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရေနံတွင်းတူးစင်တစ်ခု ရွှေ့ပြောင်းနေရာ ချခဲ့ပြီးသည့်နောက်တွင် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်ခဲ့ပြီး တရုတ်သင်္ဘောတစ်စီးက ဗီယက်နမ် သင်္ဘောနှစ်စီးကို ဝင်တိုက်မိပြီးသည့် နောက်တွင်မူ စိုးရိမ်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။             
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template