Headlines News :
Home » , » တာင်တရုတ်ပင်လယ်အရေး တင်းမာမှု ကြေညာချက်နှင့်ပတ်သက်ပြီး မြန်မာနှင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက လက်ခံ

တာင်တရုတ်ပင်လယ်အရေး တင်းမာမှု ကြေညာချက်နှင့်ပတ်သက်ပြီး မြန်မာနှင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက လက်ခံ

Written By လွင့်မောင်မောင် on Monday, May 12, 2014 | 8:12 PM


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းတို့ တွေ့ဆုံဆွေးနွေးနေစဉ်

 တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား တင်းမာမှုဖြစ်နေပြီး ထိုတင်းမာမှုအတွက် ကြေညာချက်ထုတ်ပြန်ရာတွင် သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း မြန်မာနှင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက လက်ခံခဲ့ကြောင်း သိရသည်။

(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ မစတင်မီ ရက်သတ္တပတ်အတွင်း ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား တင်းမာမှုများ ဖြစ်ခဲ့သည့်အတွက် ထိုကိစ္စမှာ နေပြည်တော် အာဆီယံထိပ်သီး အစည်းအဝေး၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့သည်။

အဆိုပါ တင်းမာမှုအား မေ ၁၀ ရက်က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ကြေညာချက်ထုတ်ပြန်ရန်နှင့် ပြင်းထန်သော စကားလုံးများ သုံးစွဲရန် အဆိုပြုခဲ့သည်။

“ဗီယက်နမ်အနေနဲ့က ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး ကြေညာချက် ထုတ်စေချင်တယ်။ အာဆီယံအနေနဲ့ကကျတော့ ဘက်ရွေးပြီးရပ်တည်လို့ မရဘူးလေ။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံ အနေနဲ့လည်း လက်ခံသွားပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက်ညပိုင်းတွင် Weekly Eleven သို့ ပြောကြားသည်။

“တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ သဘောထားကတော့ အာဆီယံနဲ့ တရုတ်နဲ့ကြားထဲမှာ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒါက တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေ ရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး  အာဆီယံနဲ့ တရုတ်နိုင်ငံဟာ ဆိုလို့ရှိရင် အခု ဆွေးနွေးညှိနှိုင်းမှုတွေက ပုံမှန်ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့လ အာဆီယံနဲ့ တရုတ်ကြားထဲမှာ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျွန်တော်တို့ အဆင့်မြင့် အရာရှိကြီးတွေ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆွေးနွေးတဲ့ အစီအစဉ်ဟာဆိုလို့ရှိ ရင်ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက မေ ၁၁ ရက်ညပိုင်းတွင် Weekly Eleven သို့ ပြောကြားခဲ့သည်။
နေထွန်းနိုင် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template