Headlines News :
Home » » ညောင်ပင်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးကျော်သူ

ညောင်ပင်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးကျော်သူ

Written By လွင့်မောင်မောင် on Friday, May 16, 2014 | 8:38 AM

 

  ~
ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင် လက်ဆောင်ပေးအပ်ခဲ့သည့် ဗုဒ္ဓဂါယာမှ မဟာဗောဓိညောင်ပင်ကို ပြည်မြို့တဘက်ကမ်း ရွှေဘုံသာမုနိဘုရားအနီးရှိ ပရဟိတတောင်ပေါ်တွင် ကဆုန်လပြည့်နေ့က မြေချစိုက်ပျိုးခဲ့သည်။

မဟာဗောဓိညောင်ပင်ကို ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူဆရာတော်ကြီးကို လှူဒါန်းခဲ့ကြောင်း၊   ဆရာတော်ကြီးက ဦးကျော်သူအား လွန်ခဲ့တဲ့ (၄)လခန့်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း   နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌဦးကျော်သူက ဧရာဝတီကိုပြောသည်။

“ပခုက္ကူဆရာတော်ကြီးပျံလွန်တော်မမူခင်က ဗောဓိပင်နဲ့ပတ်သက်ပြီးပြောခဲ့တာက ဟိုနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ နာရေးကားမောင်းတဲ့သူဆိုရင် ဗောဓိပင်ကို ပေးလိုက်ပါလို့ပြောခဲ့တယ်။
အဲဒါကြောင့် ကျနော့်ဆီရောက်လာတာပါ။ တခါမှမြေမချရသေးဘူး၊ ပန်းအိုးနဲ့ပဲထားတာ”

ညောင်ပင်စိုက်ရသည့် အကြောင်းရင်းကိုလည်း ဦးကျော်သူက ရှင်းပြသည်။

“ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်၊ သာသနာပြုချင်စိတ်ဖြစ်လာလို့ လူမှုရေးသမားတွေ သစ္စာဆိုလို့ရတဲ့ နေရာတနေရာဖြစ်ဖို့ ကျနော်က ဘုရားတည်ဖို့ စီစဉ်ထားတဲ့ ဒီဘုရားဝင်းထဲမှာ ဗောဓိညောင်မရှိမဖြစ်လိုအပ်တယ်”

ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယဝန်ကြီးချုပ် ပေးအပ်ခဲ့သည့် ထူးခြားမြင့်မြတ်သည့် လက်ဆောင်ဖြစ်ခြင်း၊  မဟာဗောဓိညောင်ပင်နှင့် မျိုးတူခြင်း တို့ကြောင့် ပြည်မြို့ဒေသခံများက နှစ်သက်ဂုဏ်ယူနေမှာဖြစ်ကြောင်း ပြည်မြို့ မိုးမေတ္တာပရဟိတအသင်းမှ ဦးမိုးကြီးက ဧရာဝတီသို့ပြောသည်။

 ညောင်ပင်စိုက်ပျိုးသည့်တောင်ကုန်းကို အလှူရှင်တဦးက လှူဒါန်းခဲ့ပြီး ပရဟိတတောင်တော်ဟု အမည်ပေးထားပြီး များမကြာခင် ၎င်းတောင်ကုန်းပေါ်တွင် မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီတော် တည်ထားကွယ်တော့မှာ ဖြစ်ကြောင်း သိရသည်။
   



“ဟိုနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ နာရေးကားမောင်းတဲ့သူဆိုရင် ဗောဓိပင်ကို ပေးလိုက်ပါလို့ပြောခဲ့တယ်”        ၂၀၁၂ ခုနှစ် နိုဝင်ဘာလက  ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ သွားစဉ် လက်ဆောင်ရခဲ့သည့် ညောင်ပင်
   



 



ကောင်းမြတ်မင်း ~ဧရာဝတီ Blog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template