Headlines News :
Home » » လောင်းလုံးရေနံချက်စက်ရုံ ထောက်ခံအုပ်စု သမ္မတထံ စာတင်မည်

လောင်းလုံးရေနံချက်စက်ရုံ ထောက်ခံအုပ်စု သမ္မတထံ စာတင်မည်

Written By လွင့်မောင်မောင် on Friday, May 16, 2014 | 8:41 AM


၊Dawei Watch ၊ထားဝယ်၊ မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် တည်ဆောက်မည့် ရေနံချက်စက်ရုံကို ထောက်ခံသူများက မေလ နောက်ဆုံးအပတ်တွင် နိုင်ငံတော်သမ္မတထံ ရေနံချက်စက်ရုံကို အလိုရှိသည်ဟု တင်ပြသွားမည်ဖြစ်ကြောင်း ရေနံချက် စက်ရုံထောက်ခံသည့် ဒေသခံများက ပြောသည်။
ဧပြီလ ၂၉ ရက်နေ့က ယင်းရေနံချက်စက်ရုံကို ဆန့်ကျင်သည့် စီမံကိန်းပတ်ဝန်းကျင်ရှိ ကျေးရွာ ၇ရွာမှ ဒေသခံများက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နှစ်ပတ်ကျော်အကြာတွင် ယင်းသို့ ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။
ယင်းသို့ ကန့်ကွက်သူများရှိသကဲ့သို့ ထောက်ခံသူများလည်းရှိသည်ကို နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိစေလို၍ စီမံကိန်းကို အလိုရှိသည့် ဒေသခံများ၏ လက်မှတ်များစုဆောင်းကာ တင်ပြရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။
“ကန့်ကွက်သူတွေ ပြတဲ့ အင်အားထက် လူအင်အားပိုများအောင် ဆန္ဒပြလို့ ရပါတယ်။ ဒါပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ငြိမ်းချမ်းစွာနဲ့ စာတင်ဖို့ စီစဉ်ဖြစ်တာပါ” ဟု ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သူ ဂေါ့အင်းကျေးရွာမှ ဦးအောင်စိန်က ပြောသည်။
ယင်းသို့ ရေနံချက်စက်ရုံ အလိုရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ၂၀၁၃ ခုနစ် စက်တင်ဘာလက တရုတ်နိုင်ငံရှိ လော့ရန် ရေနံချက် စက်ရုံသို့ သွားရောက်လေ့လာခဲ့သူအချို့အပါအ၀င် စီမံကိန်းအလိုရှိသည့် ဒေသခံများမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ရေနံချက်စက်ရုံ အလိုရှိကြောင်းတင်ပြရန် မေလ ၄ ရက်နေ့မှ စတင်၍ လက်မှတ်များစုဆောင်းခဲ့ရာ စီမံကိန်းအနီး ကျေးရွာများဖြစ်သည့် လေးသွန်းခံ၊ စစ်ပြဲ၊ ရင်းဘုတ်၊ ကညုံကျွန်း၊ ကထောင်းနီ၊ အောက်ရေဖြူ၊ ဂေါ့အင်း၊ ညင်းမော် တို့အပြင် လောင်းလုံးမြို့ပေါ်နှင့် မြို့ဟောင်းကျေးရွာတို့မှ ထောက်ခံသည့်လက်မှတ် ၁၃၇၀ ခန့် ရရှိခဲ့ပြီး ယင်းလက်မှတ်များကို ပူးတွဲတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
“ရေနံချက်စက်ရုံကို လိုချင်တယ်ဆိုတာက အခုလိုခေတ်ပြောင်းနေတဲ့အချိန်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေဝင်လာပြီး စက်ရုံ အလုပ်ရုံတွေ ပေါ်လာရင် အလုပ်အကိုင် အခွင့်အလမ်း၊ လျှပ်စစ်မီး  အဲဒီလို အဖက်ဖက်က ဖွံဖြိုးတိုးတက်လာမှာ မို့လို့ပါ” ဟု ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သူ အောက်ရေဖြူကျေးရွာမှ ဦးအောင်မြင့်က ဆိုသည်။
ကန့်ကွက်သူများ အနေဖြင့် ရေနံချက်စက်ရုံကြောင့် ကောင်းကျိုးများရှိမည်ကို မယုံကြည်၍ ကန့်ကွက်နေကြခြင်းဖြစ်နိုင်ပြီး မိမိတို့အနေဖြင့် မူ ရေနံချက်စက်ရုံကြောင့် အများအတွက် ကောင်းကျိုးများရှိမည်ကို ယုံကြည်သောကြောင့် ထောက်ခံကြခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
လောင်းလုံးမြို့နယ်ရှိ ရေနံချက်စက်ရုံစီမံကိန်းကို ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက် (UMEHL) ၊ ထူး (HTOO) ကုမ္ပဏီများအုပ်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangdong Zhenrong Energy (GDZR) ကုမ္ပဏီတို့ ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ကာ အနှစ် ၃၀ BOT စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျင် ရေနံစိမ်းတန်ချိန် ၅ သန်းချက်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း ထုတ်ပြန်ထားသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များ အရသိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template