|Dawei
Watch| ထားဝယ်၊ မေ ၁၅
စီးပွားရေးလုပ်ငန်းများကို
ပိုမိုအထောက်အကူပြုနိုင်ရန်အတွ က် ထားဝယ်စီးပွားရေး လုပ်ငန်းရှင်အချို့က ၎င်းတို့၏ လုပ်ငန်းများအတွက်
သီးသန့်ရေးဆွဲထားသည့် ဆော့ဖ်ဝဲများကို ၀ယ်ယူအသုံးပြုရန် စိတ်ဝင်စားလာကြောင်း ထားဝယ်မြို့
စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက သိရသည်။
MIT
(Myanmar Information Technology )မှ မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ထားဝယ်မြို့
မြစိမ်းခန်းမတွင် ပြုလုပ်သည့် အလုပ်အကိုင်
အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲအပြီးအတွင်
ထားဝယ်စီးပွားရေး လုပ်ငန်းရှင် ၁၀ ဦးက ၎င်းတို့၏ လုပ်ငန်းများတွင် အသုံးပြုမည့် ဆော့ဖ်ဝဲများကို
ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်
MIT
မှ ဆော့ဖ်ဝဲများကို ၅၀ရာခိုင်နှုန်း ဈေးနှုန်းလျော့ကာ ရောင်းချပေးမည်ဟု ပြောဆိုပြီးနောက်
ထားဝယ်မြို့ရှိ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊
ကုန်မာနှင့် ကုန်စုံဆိုင်လုပ်ငန်း ၊ မုန့်တိုက်လုပ်ငန်း၊ အထူးကုဆေးခန်းနှင့် သတ္တုတူးဖော်သည့်
ကုမ္ပဏီတို့မှ စီးပွားရေးလုပ်ငန်းရှင်များက ဆော့ဖ်ဝဲများကို အသုံးပြုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
“ဆော့ဖ်ဝဲနဲ့အသုံးပြုရင်
လုပ်ငန်းပိုမိုအထောက်အပြုလိမ့် မယ် ယူဆထားလို့ ၀ယ်ယူအသုံးပြုဖို့ ကမ်းလှမ်းထားတယ်” ဟု
ဇေယျာထက်စံဟိုတယ်မှ မန်နေဂျာ ဦးအောင်စိုးဦးက ဆိုသည်။
ဆော့ဖ်
ဝဲ၀ယ်ယူပြီးလျှင် လုပ်ငန်းရှင်များ အသုံးပြုမည့် ကွန်ပြူတာထဲသို့ ဆော့ဖ်ဝဲထည့်ပေးကာ
လေ့ကျင့် သင်ကြားပေး မည်ဖြစ်ပြီး အသုံးပြုရာ၌ အခက်အခဲ တစ်စုံတစ်ရာ တွေ့ပါက ကုမ္ပဏီဖက်မှ
ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း MITကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ရှင်းပြသည်။
ထားဝယ်တွင်
စီးပွားရေးလုပ်ငန်း ၅ ခုဝန်းကျင်သာ လုပ်ငန်းအတွက် သီးသန့်ရေးဆွဲထားသည့် ဆော့ဖ်ဝဲကို
အသုံးပြုလျက်ရှိသည်ဟု သိရသည်။
Dawei
Watch