Headlines News :
Home » » ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘောထားနှင့် တွေ့ရှိချက်များအား NCCT အပါအ၀င် နိုင်ငံရေး အင်အားစုများနှင့် ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘောထားနှင့် တွေ့ရှိချက်များအား NCCT အပါအ၀င် နိုင်ငံရေး အင်အားစုများနှင့် ဆွေးနွေးမည်

Written By လွင့်မောင်မောင် on Monday, May 12, 2014 | 8:23 PM



ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ကောက်ယူရရှိသည့်၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘောထားနှင့် စစ်တမ်းတွေ့ရှိချက်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အပါအ၀င် နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်မှ သိရသည်။
မေ ၁၁ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်များ၏ ဒုတိယအကြိမ် စုံညီအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ကွန်ရက်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မသင်းသင်းအောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မသင်းသင်းအောင်က “ကျွန်မတို့အနေနဲ့ ဒီတွေ့ရှိချက်တွေ၊ လူထုသဘောထားတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေလည်း ပါပါမယ်။ ဒီနေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ NCCT က မေလကုန်လောက် ရန်ကုန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လာတဲ့အခါမှာ ကျွန်မတို့ NCCT အနေနဲ့ သူတို့တွေ့ ဆုံဆွေးနွေးသွားဖို့ ကမ်းလှမ်းထားပါတယ်။ ဒီလိုတွေ့ဆုံတဲ့ အခါမှာလည်း ကျွန်မတို့လုပ်ငန်းစဉ်တွေကို ရှင်းပြမယ်။ နောက်ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ NCCT အနေနဲ့ ဘယ်လိုပညာပေးမှုတွေ၊ လှုပ်ရှားမှုတွေ လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို နားထောင်သွားဖို့ ရည်ရွယ်ထားတယ်။ အလားတူပဲ အခြားသော နိုင်ငံရေး အင်အားစုတွေနဲ့လည်း ကျွန်မတို့ တွေ့ဆုံဆွေးနွေးဖို့ လုပ်ထားတာတွေ ရှိပါတယ်” ဟုဆိုသည်။
တွေ့ဆုံဆွေးနွေးသွားမည့် နိုင်ငံရေးအင်အားစုများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအ ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေသည့် အခြားလူမှု အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်များ ဆွေးနွေးပွဲအား မေ ၁၀ ရက်နှင့် ၁၁ ရက်တို့၌ နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် ခုနစ်ခုမှ ကွန်ရက်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် NCCT ၌ အရပ်ဘက် လူ့အဖွဲ့အစည်း ၆၀ ဖွဲ့အထိ ပါဝင်ပြီး ပြုလုပ်ခဲ့သည့် ယခုပြုလုပ်ခဲ့သည့် အစည်းအဝေးမှ နယ်ကွန်ရက်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်ဖွဲ့စည်းသွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်သည် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ကွန်ရက်အဖွဲ့ဝင် အရပ်ဘက် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ၂၀၁၄ နှစ် ဆန်းပိုင်းမှ စတင်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် လူထုသဘောထား စစ်တမ်းများအား မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအကြိမ်အဖြစ် ကောက်ယူလျက်ရပြီး နိုင်ငံတစ်ဝန်း လူထုစစ်တမ်းမေးခွန်း တစ်သိန်းခွဲခန့် ဖြန့်ဝေထားကြောင်း သိရသည်။
 ဇာလီမြင့်ဦး Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template