Headlines News :
Home » » ဟိန္ဒားသတ္တုတွင်းစီမံကိန်းမှ မြေစာများ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြောင်းပြိုချောင်းတိမ်ကောဟု ဒေသခံများပြောဆိုနေမှုမှာ မဟုတ်မှန်ကြောင်း အမှတ် (၂) သတ္တုတွင်း တိုင်းအထွေထွေမန်နေဂျာ ငြင်းဆို

ဟိန္ဒားသတ္တုတွင်းစီမံကိန်းမှ မြေစာများ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြောင်းပြိုချောင်းတိမ်ကောဟု ဒေသခံများပြောဆိုနေမှုမှာ မဟုတ်မှန်ကြောင်း အမှတ် (၂) သတ္တုတွင်း တိုင်းအထွေထွေမန်နေဂျာ ငြင်းဆို

Written By လွင့်မောင်မောင် on Wednesday, July 9, 2014 | 11:35 PM

July 8, 2014

စီမံကိန်းလုပ်ငန်းခွင်နှင့် ကုမ္ပဏီမှစွန့်ပစ်မြေစာများဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးနေသော မြောင်းပြိုချောင်းနှင့် မြောင်းပြိုရွာကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ နယ်ခွဲရှိ အစိုးရအမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းနိုင်ငံပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar PongPiPat Co;Ltd- MPC) တို့ အကျိုးတူဖက်စပ်လုပ်ကိုင်နေသည့် ဟိန္ဒားသတ္တုတွင်းစီမံကိန်းမှ စွန့်ပစ်မြေစာများကို အနီးရှိမြောင်းပြိုချောင်းအတွင်းသို့ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြောင်းပြိုချောင်းတိမ်ကောသွားသည်ဟု ဒေသခံများပြောဆိုနေခြင်းမှာ မဟုတ်မမှန်ပြောဆိုခြင်းသာဖြစ်ကြောင်းနှင့် ဒေသခံများနေထိုင်နေမှုမှာ ကျူးကျော်များသာဖြစ်ပြီး ရွာအဖြစ် တရားဝင်သတ်မှတ်ထားခြင်းမရှိကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်း တိုင်းအထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။ ဒေသခံများပြောဆိုနေသည့် မြောင်းပြိုချောင်းမှာ အမှတ် (၂) သတ္တုတွင်းနယ်မြေအတွင်းပါဝင်နေပြီး လွန်ခဲ့သည့် ၁၉၄၀ ခုနှစ်က အဆိုပါနေရာတွင် ခဲသင်္ဘောများဖြင့် သတ္တုတူးဖော်ခဲ့၍ ချောင်းအဖြစ်ကျန်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများနေထိုင်သည့် မြောင်းပြိုရွာမှာလည်း ရွာအဖြစ် တရားဝင်သတ်မှတ်ပေးထားခြင်းမရှိသည့်အပြင် အမှတ် (၂) သတ္တုတွင်းက MPC အား လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် စီမံကိန်းမြေဧရိယာ ၂၁၁၀ ဧကအတွင်း ပါဝင်နေသဖြင့် ကျူးကျော်များအဖြစ်သတ်မှတ် ၎င်းကပြောကြားခဲ့သည်။

"ဒီမြောင်းပြိုချောင်းလို့ ဒေသခံတွေပြောနေတဲ့ချောင်းက အမှတ် (၂) သတ္တုတွင်းနယ်မြေထဲက သတ္တုလုပ်ကွက်ဖြစ်ပြီး ၁၉၄၀ ပြည့်နှစ်ကနေ ၁၉၇၀ ပြည့်နှစ်အထိ နှစ် ၃၀ ဂရန်နဲ့ ဦးချိန်ကီးကို သတ္တုတူးဖော်ခွင့်ပြုခဲ့တဲ့နေရာပါ။ သူက အဲဒီနေရာမှာ ခဲတူးတဲ့သင်္ဘောတွေနဲ့တူးဖော်ခဲ့လို့ ချောင်းလိုမျိုးကျန်ခဲ့တာဖြစ်ပါတယ်။ မြောင်းပြိုရွာဆိုတာကလည်း စီမံကိန်းနယ်မြေအတွင်းမှာပါဝင်ပြီး သတ္တုတွင်းလုပ်သားတွေ စုနေလာလို့ဖြစ်လာတဲ့ နေရာတစ်ခုပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီးတော့ ဒီရွာရဲ့ဧရိယာကို သတ္တုမိုင်းစီမံကိန်းဧရိယာထဲကနေပြီး ပလပ်ထုတ်တာလည်း မရှိသေးပါဘူး။ ဒီတော့ ဒီရွာက တရားမ၀င်ပါဘူး" ဟု အမှတ် (၂) သတ္တုတွင်းလုပ်ငန်း တိုင်းအထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။

၎င်းကပင်ဆက်လက်၍ "စီမံကိန်းက မြေစာစွန့်ပစ်တဲ့ နုန်းစုကန်ဆိုတာရှိတယ်။ အဲဒီနုန်းစုကန်က လက်ရှိစွန့်ပစ်နေတဲ့ မြေစာတွေနဲ့ လုံလောက်မှုမရှိတဲ့အပြင် စနစ်တကျတည်ဆောက်ထားတာမရှိတော့ မိုးတွင်းအချိန်မှာ aရစီးနဲ့အတူ မြေစာတွေကချောင်းထဲကိုရောက်သွားပြီး တဖြည်းဖြည်းနဲ့များလာတာဖြစ်ပါတယ်။ ဒီတော့ရေစီးနဲ့အတူ ဒေသခံaတွနေတဲ့နေရာဆီ ၀င်ရောက်သွားတာ ဖြစ်ပါတယ်။ အခုကုမ္ပဏီကို လုံလောက်တဲ့နုန်းစစ်ကန်ဆောက်ဖို့လည်း ညွှန်ကြားထားပြီးပါပြီ။ နောက်ဒီချောင်းထဲမှာရှိနေတဲ့မြေစာတွေကိုလည်း ပြန်တူးဖော်သွားမှာပါ။ ဒေသခံတွေပြောသလို ကုမ္ပဏီက စည်းကမ်းမဲ့ မြေစာစွန့်ပစ်တာမဟုတ်ပါဘူး။ နုန်းစစ်ကန်တွေနဲ့ မြေစာမလုံလောက်လို့ အပြင်ကိုမတော်တဆထွက်လာတာပါ။ လုံလောက်တဲ့ နုန်းစစ်ကန်ဆောက်ဖို့ မြေဧရိယာအများကြီးလိုအပ်ပေမယ့် စီမံကိန်းမြေမှာ ကျူးကျော်နေတဲ့ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေနဲ့ နေအိမ်တွေကြောင့် ကုမ္ပဏီဘက်က အခက်အခဲတွေဖြစ်နေတာ" ဟု ၎င်းကပြောသည်။

လက်ရှိအနေအထားအရ ဒေသခံများနေထိုင်သည့် မြောင်းပြိုရွာမှာ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ MPC ကုမ္ပဏီအား သတ္တုတူးဖော်ရန်ခွင့်ပြုခဲ့သည့် စီမံကိန်းနယ်မြေအတွင်း၌ ပါဝင်နေသော်လည်း အနီးရှိစွန့်ပစ်မြေစာများချောင်းအတွင်း ၀င်ရောက်လာမှုကြောင့် တိမ်ကောနေပြီဖြစ်သည့် မြောင်းပြိုချောင်းမှာမူ စီမံကိန်းဧရိယာအတွင်း ပါဝင်ခြင်းမရှိဘဲ တစ်စိတ်တစ်ဒေသအနေဖြင့်သာ ပါဝင်ကြောင်းသိရသည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၏ သတ္တုတွင်းနယ်မြေမှာ ဧက ၃၀၈၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် စီမံကိန်းမြေအချို့ဒေသခံများ၏ ကျေးရွာများတည်ရှိနေပြီဖြစ်သောကြောင့် ရွာမြေအဖြစ် သက်ဆိုင်ရာမှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းမှ ပလပ်ခဲ့ပြီးဖြစ်သော်လည်း မြောင်းပြိုရွာကိုမူ ရွာအဖြစ် တရားဝင်သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း သိရသည်။ စီမံကိန်းမှ စွန့်ပစ်မြေစာများ ၀င်ရောက်ခဲ့မှုကြောင့် ချောင်းတိမ်ကောသည့်အခြေအနေ ဖြစ်ပေါ်နေသော မြောင်းပြိုချောင်းအားတူးဖော်ရန်နှင့် စွန့်ပစ်မြေစာများ ချောင်းအတွင်းသို့ မ၀င်ရောက်စေရန် ကုမ္ပဏီတွင်တာဝန်ရှိပြီး ၂၀၁၂ ခုနှစ်က ရွာအတွင်းသို့ ချောင်းရေလျှံတက်လာမှုကြောင့် ထိခိုက်နစ်နာခဲ့သော ဒေသခံများအတွက် ၆၀ × ၈၀ ပေမြေကွက် ၂၀ နှင့် သီးနှံများ ထိခိုက်မှုအတွက် နစ်နာကြေးအဖြစ် ကျပ်သိန်း ၅၀ ကိုပေးလျော်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း  ဒေသခံအချို့သာ သဘောတူလက်ခံကြောင်း၊ ကုမ္ပဏီအနေဖြင့် စည်းကမ်းမဲ့ဆောင်ရွက်သည်ကိုတွေ့ရှိပါက ၎င်းတို့အနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏ကွပ်ကဲမှုဖြင့် သတ္တုတွင်းဥပဒေအရ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် ဒေသခံများထိခိုက်မှုမရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဖြိုးဇင်(ထားဝယ်)Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template