Headlines News :
Home » » လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အား အမှုမှ တရားရှင်လွှတ်ကြောင်း ကသာခရိုင်တရားရုံး ဆုံးဖြတ်

လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အား အမှုမှ တရားရှင်လွှတ်ကြောင်း ကသာခရိုင်တရားရုံး ဆုံးဖြတ်

Written By လွင့်မောင်မောင် on Tuesday, July 8, 2014 | 11:56 AM

၇-၇-၂၀၁၄ ကသာ

လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦး မြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အား ကသာမြို့နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခဲ့သာအမှုအား ကသာခရိုင်တရားရုံးမှ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲတွင် အမှုမှတရားရှင် လွှတ်လိုက်ကြောင်း သိရသည်။
ဟာဂျူလီ(ကသာ)က “ကသာမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်တာကို ခရိုင်တရားရုံးကို အယူခံတက်တယ်။ ကသာခရိုင်တရားသူကြီး ဦးသက်ထွန်းက မီဒီယာသမားကို တရားစွဲဖို့ မသင့်တော်ဘူးဆိုပြီး တရားစွဲခွင့်ကို ပလပ်လိုက်တယ်။ အောက်ရုံးက စွဲခွင့်ပြုထားတာကို သူကအောက်ရုံးအမိန့်ကို ပယ်ဖျက်ပေးတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ လွတ်လပ်သွားတာပေါ့။ ကျွန်တော်တို့ကို စွဲခွင့်ပြုတဲ့နေရာမှာလည်း ကိုယ့်တစ်ယောက်တည်းအတွက် နှမြောတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးက သတင်းထောက်တွေအတွက် စိတ်မကောင်းဖြစ်တာပေါ့။ အခုဒီလိုလေး ပြန်တည့်မတ်ပေးတယ်ဆိုတော့ ခရိုင်တရားသူကြီးကိုလည်း ကျေးဇူးတင်တယ်။ မှားမှားမှန်မှန် ဘာသက်သေရှိရှိ မရှိရှိ စွဲခွင့်ပြုတယ်ဆိုရင် မီဒီယာသမားတွေ နောက်ကိုဘာမှ မရေးရဲမပြုရဲဖြစ်တာပေါ့။ အခု ဒါကပြန်တည့်မတ်ပေးလိုက်တဲ့ သဘောလို့မြင်တယ်” ဟု ဆိုသည်။
လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အမှုအား လိုက်လံဆောင်ရွက်ပေးခဲ့သော တရားလွှတ်တော်ရှေ့နေ ဦးကိုလေးက “ကသာမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်တာကို ကသာခရိုင်တရားရုံးကို စွဲချက်ကို ပြင်ဆင်ချက်တက်တာပေါ့။ ခရိုင်တရားရုံးကိုတက်တော့ ခရိုင်တရားရုံးက ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲအချိန်မှာ ပြင် ဆင်မှုအမှတ် ၂၄/၂၀၁၄ နဲ့ အမှုမှ တရားရှင် လွှတ်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။
လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃) အမှတ် (၈၄) တွင်ဖော်ပြခဲ့သော တက္ကသိုလ်မောင်ရဲမုန်း၏ ဆောင်းပါးနှင့် အတွဲ(၃)အမှတ် (၈၈) တွင် ဟာဂျူလီ(ကသာ)၏ KTV အကြောင်းနဲ့ပတ်သက်ပြီး အင်တာဗျူးဖော်ပြချက်တို့အပေါ် တရားလိုဦးမြင့်မောင်က ၂၀၁၂ ခုနှစ်က ကသာမြို့နယ်တရားရုံးတွင် တရားစွဲမှုကို လျှပ်တစ်ပြက်အယ်ဒီတာချုပ်နှင့် ဟာဂျူလီ (ကသာ)တို့အား မြို့နယ်တရားရုံးမှ မေ ၂၆ ရက်တွင် ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template