Headlines News :
Home » , » ဒုက္ခသည်များ စခန်းအပြင်ထွက်ရင် အရေးယူမည်ဟု အမိန့်ထုတ်

ဒုက္ခသည်များ စခန်းအပြင်ထွက်ရင် အရေးယူမည်ဟု အမိန့်ထုတ်

Written By လွင့်မောင်မောင် on Tuesday, July 8, 2014 | 10:25 PM

 
ဇူလိုင်လ ၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကို ၀င်ထွက်သွား လာခွင့် မပြု တော့ပဲ ပိတ်ထားလိုက်ပြီး  ဒုက္ခသည်တွေ အနေနဲ့ အပြင်ထွက်ရင် ရိက္ခာဖြတ်တာနဲ့  ဒုက္ခသည် အဖြစ်က နေ ပယ်ဖျက်ပစ်မယ်လို့ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်ထား ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း  ဒုက္ခသည်တွေကို စခန်းအ၀င်အထွက် ခုလို  တင်းကျပ်လိုက် တာဖြစ်ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ အပြင်ကို လုံးဝမထွက်ဖို့ ထွက်လို့မိရင် ပထမအကြိမ် စခန်းအတွင်းမှာ တပတ်တိတိ အလုပ်နဲ့ပြစ်ဒဏ် ပေးမယ်၊ ဒုတိယအကြိမ်မိရင် ရိက္ခာကို ဖြတ်တောက်မယ်၊ တတိယအကြိမ်မိရင် ဒုက္ခသည်အဖြစ်ကနေ လုံးဝ ပယ်ဖျက်သွားမယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ် ထားတယ်လို့ မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ ဆရာအောနက်က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီလို စခန်းကို အ၀င်အထွက်စည်းကမ်းတင်းကျပ်ထားပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက နိုးဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည် လူဦးရေကောက်ခံမှုတွေ လုပ်နေပြီး ဒီကနေ့မှာတော့  အုန်းဖျန်ဒုက္ခသည်စခန်းကို လူဦးရေ စာရင်းကောက်ခံတယ်လို့ အုန်းဖျန် ဒုက္ခ သည်စခန်း ဥက္ကဌ စောဝါးထီးက ပြောပါတယ်။

လာမယ့် ဇွန်လိုင် ၁၅ ရက်နေ့မှာလည်း  ဒုက္ခသည်စခန်းတွင်းမှာ အိမ်ထောက်စုအလိုက် ပြန်လည်စိစစ်ဖို့ ရှိနေပါတယ်။

ဒုက္ခစခန်းကို မပိတ်ခင်  ပြီးခဲ့တဲ့ တပတ်အတွင်းမှာလည်း အပြင် စာသင်တဲ့ ကျောင်းသူ ကျောင်းသားတွေ၊ အပြင်အလုပ်ထွက်လုပ်သူတွေကို ပြန်ခေါ်ပြီး ဒုက္ခသည် အရေအတွက်ကို ပြန်လည်စိစစ် နေတာလည်း ဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိနေပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါး ခိုလုံနေကြရပြီး အများစုက ကရင် ဒုက္ခသည်တွေ ဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
 အပြည့်အစုံအသံဖိုင်နားဆင်ရန်


Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template