Headlines News :
Home » » မွန်နှစ်ပါတီပေါင်းစည်းရေး ဆက်လက် ကြိုးပမ်းမည်

မွန်နှစ်ပါတီပေါင်းစည်းရေး ဆက်လက် ကြိုးပမ်းမည်

Written By လွင့်မောင်မောင် on Tuesday, July 8, 2014 | 9:58 PM

Displaying DSC07602.jpg
နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးကော်မတီမှ မွန်လူထုတွေကိုရှင်းလင်းနေစဉ်
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၈
နှစ်နှစ်ကျော် ကြာသည်အထိ မအောင်မြင်သေးသည့် မွန်နှစ်ပါတီ ပေါင်းစည်းရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) ဆရာတော်ဘဒ္ဒန္တသီဟက မိန့်သည်။
ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်သည့် နှစ်ပါတီပေါင်းစည်းရေး ညှိနှိုင်းကော်မတီ၏ ၂ နှစ်ကျော်ကြာ ကြိုးပမ်းလာခဲ့သည့် ရလဒ်တွေကို မွန်ပြည်သူလူထုအား ရှင်းလင်းပွဲတွင် ဆရာတော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“မွန် နှစ်ပါတီ ပေါင်းဖို့ ကြိုးပမ်းလာတာ အခုဆိုလို့ရှိရင် ၂၆ လရှိနေပြီ။ ညှိနှိုင်းခဲ့တဲ့အကြိမ်ကလည်း အကြိမ် ၂၀ ကျော်တယ်။ နောက်ဆုံးကတော့ မပေါင်းနိုင်ဘူးဆိုတဲ့ ရလဒ်ပဲ ထွက်လာပါတယ်၊ ဒါပေမယ့်လည်း တချို့သောပုဂ္ဂိုလ်တွေက ပေါင်းပြီးသားလည်း ရှိတယ်၊ ပေါင်းချင်တဲ့ လူတွေလည်း ရှိတယ်၊ ဦးဇင်းတို့ ညှိနှိုင်းရေးအဖွဲ့အနေနဲ့က ဆက်လက်ကြိုးပမ်းနေဦးမှာဘဲ” ဟု ဆရာတော်ဘဒ္ဒန္တသီဟက မိန့်သည်။
ညှိနှိုင်းရေးကော်မတီ၏ လုပ်ဆောင်ချက်များသည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် လုပ်ဆောင်ချက် မဟုတ်သည့်အတွက် လက်မခံနိုင်သည့် အနေအထားရှိနေပြီး ပေါင်းစည်းရန် အယုံအကြည်မရှိသေးကြောင်း ပေါင်းစည်းခြင်းကို လိုလားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင်တချို့ ပြောသည်။
“အလံတွေ လိုဂိုတွေ တံဆိပ်တွေ၊ မူဝါဒတွေ ထွက်လာမှ မွန်တစ်မျိုးသားလုံးက ဒီပါတီထဲ ဝင်လာမယ်၊ အဲဒါမှ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီဖြစ်လာမယ်၊ အခုက ပါတီညီလာခံလုပ်ပြီးမှ အဲဒါတွေ လုပ်မယ်ဆိုရင် ပါတီရဲ့ သဘောဆန္ဒပဲ ဖြစ်မယ်” ဟု နှစ်ပါတီပေါင်းစည်းခြင်းကို လိုလားသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ဗဟိုကော်မတီဝင် နိုင်မျိုးတင့်လွင်က ဝေဖန်သည်။
မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် အဟန့်အတားသည် မူမတူသည့်အတွက်ဟု ပြောကြသော်လည်း မိမိ တစ်ဦးတည်း အမြင်အရမူ တစ်ဦးနှင့် တစ်ဦး မာန်မာနထားမှုနှင့် ယခင်က ရှိခဲ့သည့် တင်းမာမူများကြောင့်ဟု ထင်ကြောင်း သံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့ အတွင်းရေးမှူး (၁) မင်းဇာနည်ဟိန်းက ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် မွန်ပြည်သူလူအများစုက မွန်နှစ်ပါတီပေါင်းစည်းရေးကိုသာ လိုလားကြပြီး မွန်တွင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် ပါတီတခုတည်းသာရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တင်ပြဆွေးနွေးခဲ့ကြသည်။
နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းကော်မတီ၏ ရှင်းလင်းပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းတွင် ကျင်းပခဲ့ကာ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မွန်လူငယ်၊ မွန်လူမှုအဖွဲ့အစည်းများအပြင် ကရင်ပြည်နယ်ရှိ မွန်လူမှုအဖွဲ့အစည်းများအပါအ၀င် စုစုပေါင်း ၃၀၀ ဦးကျော် တက်ရောက်ကြသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template