Headlines News :
Home » , » ဖိလစ်ပိုင် မနီလာမြို့လယ်က မိကျောင်းကြီး

ဖိလစ်ပိုင် မနီလာမြို့လယ်က မိကျောင်းကြီး

Written By လွင့်မောင်မောင် on Tuesday, July 8, 2014 | 11:36 AM

၁ ပေ အရှည်ရှိတဲ့ သားစား ရေငန် မိကျောင်းကြီးတကောင်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ လမ်းမမှာ ကားတစီးခေါင်းမိုးပေါ် တင်လာတော့ လူတော်တော်များများ စိတ်ဝင်စားခဲ့ကြပါတယ်။ 



 ဖိလစ်ပိုင် နိုင်ငံမနီလာမြို့လယ်က မိကျောင်းကြီး (ဓာတ်ပုံ- ရိုက်တာ)

မိချောင်းကြီးကို လူတွေက ဝိုင်းမ ပြီး ကားအမိုးပေါ် တင်နေတာ၊ မိချောင်းကြီးကို ကားရှိရာ ဆွဲခေါ်လာရတဲ့ ဓာတ်ပုံတွေ ကြည့်ပြီး ဧရာဝတီ ပရိသတ်လည်း ဒီမိကျောင်းကြီး နဲ့ပတ်သက်ပြီး သိချင်ကြမှာပါ။ 



တကယ်တော့ ဒီမိချောင်းကြီးဟာ မနှစ်က သေဆုံးသွားပြီး လူတွေ သတ်ခဲ့စားခဲ့တဲ့ နာမည်ကြီး မိကျောင်း 

လောင်လောင် ကို ပုံတူပြုလုပ်ထားတဲ့ စက်ရုပ် မိကျောင်းကြီးတကောင်ပဲဖြစ်ပါတယ် တဲ့။ 

သူ့ကို Pasay City Crocodile Park ပန်းခြံမှာ ထား ဖို့ စီစဉ်နေကြတာဖြစ်တယ်လို့ The Mirror သတင်း တပုဒ်က ရေးထားပါတယ်။

ဒေါ်လာ နှစ်ထောင်တန်တယ်၊ ဖိုင်ဘာ နဲ့ ရာဘာတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဒီဇိုင်ပညာရှင်တွေဖြစ်တဲ့ Juvy Bangut နဲ့ Jessie Suerte တို့က ဖန်တီးခဲ့ကြတာဖြစ်ပါတယ် တဲ့။ 






အိမ့်သံစဉ် ~ ဧရာဝတီ 
                                     အဆင်ပြေလျှင် ကြော်ငြာများကို ကလစ်တစ်ခါစီနှိပ်ခဲ့ပါ။                     
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template