Headlines News :
Home » » ရှမ်းတပ်မတော်မြောက်ပိုင်းနှင့်အစိုးရ ပစ်ခတ်မှုမရှိရန် ဆွေးနွေး

ရှမ်းတပ်မတော်မြောက်ပိုင်းနှင့်အစိုးရ ပစ်ခတ်မှုမရှိရန် ဆွေးနွေး

Written By လွင့်မောင်မောင် on Wednesday, July 9, 2014 | 8:28 AM

SSPP
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေ ထပ်မရှိအောင် ညှိနှိုင်းထိန်းသိမ်းသွားဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ဒီကနေ့မနက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့တွေ့ဆုံမှုမှာ အဓိကအားဖြင့် ရှမ်းပြည်နယ် ကျေး သီးမြို့နယ်ထဲက ထိတွေ့ပစ်ခတ်မှုတွေ၊ အစိုးရတပ်က အင်အားဖြည့် တင်းပြီး ဖြန့်ကြက်နေ ခရာယူလာတဲ့ ကိစ္စတွေ ဆွေးနွေး ခဲ့ပြီး နောက်နောင် ပစ်ခတ်မှု မရှိဖို့ နှစ်ဘက်လုံး ညှိနှိုင်းထိန်းသိမ်းသွားဖို့ ပြောဆိုခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စ၀်ခွန်ဆိုင်က ပြောပါတယ်။
ဒါ့အပြင် အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဖို့လည်း ပြောဆိုခဲ့ကြပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာဖို့နဲ့ နယ်မြေဧရိယာ သတ်မှတ်ရေးကိစ္စတွေတော့ လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်လို့ မရတဲ့အတွက် ပြေပြေလည်လည် ဖြစ်အောင် နောက်ဆက်တွဲဆွေးနွေးညှိနှိုင်းရဦးမယ်လို့ ဆိုပါတယ်။
နယ်မြေထဲ အစိုးရတပ်ရင်းတွေဝင်ရောက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ပြီး အလုပ်အကိုင်ပျက် ဖြစ်နေရတဲ့ကိစ္စကိုလည်း တင်ပြခဲ့တယ်လို့ စ၀်ခွန်ဆိုင်က ဆက်ပြောပါတယ်။
ဒီကနေ့မနက် ၁၀ နာရီကနေ ၁၂ နာရီထိ ၂ နာရီကြာတွေ့ဆုံမှုမှာ အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့သုံးဦးပါဝင်ပြီး ရှမ်းပြည်တပ်မတော်ဘက်ကတော့ စ၀်ခွန်ဆိုင်နဲ့အတူ ဗိုလ်မှူးကြီး ဆေပိုင်ဖ၊ ဗိုလ်မှူးကြီး ခေးမောဝ်း၊ ဗိုလ်ကြီးစိုင်းအောင်လတ် တို့ အပါအ၀င် ၁၁ ဦး တက်ရောက်ခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကတည်းက အစိုးရနဲ့ ပြည်ထောင်စုအဆင့်ထိ ပဏာမ အပစ်အခတ်ရပ် သဘောတူထားပေမယ့်လည်း ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း ၁၀၀ ကျော် ပြန်ဖြစ်ခဲ့ပါတယ်။
ခုရက်ပိုင်းအတွင်း ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေထဲကို အစိုးရတပ်ရင်း ၇ ခုလောက် ဖြန့်ကြက်ဝင်လာတဲ့အတွက် ရွာသားတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းမှာ ၁၀၀ ကျော် ၀င်ရောက်ခိုလှုံနေပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်



နန်းမြနဒီ (DVB)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template