Headlines News :
Home » » အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ပထမနေ့အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာကျင်းပခဲ့ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ပထမနေ့အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာကျင်းပခဲ့ 

Written By လွင့်မောင်မောင် on Sunday, July 6, 2014 | 5:17 PM


Photo- Myo Khine
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ပထမ နေ့ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာကျင်းပခဲ့ပါတယ်။

အခမ်းအနားကိုပြည်နယ်နဲ့ တိုင်းအသီးသီးက တတ်ရောက်ခွင့်ရှိသူ လူငယ် ညီလာခံကိုယ်စားလှယ် ၁၆၆ ဦးရှိတဲ့ အနက်မှာ ၁၅၀ဦးတတ်ရောက်ခဲ့ပါတယ်။
နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ပထမနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၂ မိနစ် ခန့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ လူငယ်တွေကိုနေရာပေးပါလို့ပြောရင် ကျမစဉ်းတောင်မစဉ်းစားဖူးလို့ ပြောတယ်။နေရာပေးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။တာဝန်ပေးဖို့ ပဲစဉ်းစားပါတယ်။အဲလိုပြောတာက လူငယ်တွေကို ဒီလိုစိတ်ဓာတ်မျိုးမွေးစေချင်လို့ပါ။နေရာယူဖို့မဟုတ်ဘူး။ တာဝန်ယူဖို့ဖြစ်တယ်။ တာဝန်ထမ်းဆောင် ဖို့ ဖြစ်တယ် ဆိုတာ ကို သေသေချာချာ ခွဲခွဲခြားခြား စိတ် ထဲမှာ ထားမှ အခုပစ္စု ပ္ပန်မှာ စိတ်ထား မှန်မှ အနာဂတ်ကို မှန်မှန် ကန်ကန်တည်ဆောက်နိုင်မယ်” လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ အင်မတန်ခက်ခဲတဲ့ အချိန်မှာ ၀င်လာခဲ့တဲ့ လူငယ်တွေကို ကျေးဇူးတင်ကြောင်း၊ညီလာခံက ရွေးချယ်တဲ့ လူငယ် ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့၊နေရာ ယူဖို့ စိတ်မထားဖို့၊လူငယ်တွေဟာ ဘာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀င်သလဲဆိုတာကိုစဉ်းစားကြည့် ဖို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ မူဝါဒတွေကို ယုံကြည်လို့ ၀င်လာသလား။ အန်အယ်ဒီ ပါတီက ငါတို့အတွက် နိုင်ငံရေးတတ်လမ်း တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပြီး ၀င်လာခဲ့သလား။အပျော်ဝင်လာတာ လား။ဘေးကမိတ်ဆွေတွေက ဆွယ်လို့ မိတ်ဆွေတွေနဲ့ အတူတူ အလုပ်လုပ်ချင်လို့ ၀င်လာသလားဆိုတာကို လူငယ်တွေ အနေနဲ့ ကိုယ့်ကိုကိုယ်သိမှာဖြစ်ကြောင်း၊ဘယ်လို အကြောင်းမျိုးတွေ နဲ့ပဲ ၀င်လာပါစေ က၀င်လာပြီဆိုမှတော့ ကိုယ်ဝင်လာတဲ့ နေရာမှာ ကိုယ်ယူတဲ့ တာဝန်နဲ့ပ တ်သတ်ပြီး တော့ ကိုယ်ဟာမှန်မှန်ကန်ကန်လုပ်ဖို့လိုအပ်ကြောင်း၊ကိုယ်ကျိုးအတွက်ပဲ လုပ်သွားချင်လို့ ၀င်လာတယ်ဆိုတာကို ကိုယ့်ကိုကိုယ်သိ ရင် စောစောစီးစီးပဲ အဖွဲ့ချုပ်ထဲက ထွက်သွားရင်ကောင်းမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခြင်ကြောင်း၊ အဖွဲ့ချုပ်ကို စတင်တည်ထောင်ချိန်တည်း က ကိုယ်ကျိုးအတွက်လုပ်ပိုင်ခွင့်ရဖို့ ထူထောင်ထားတာမဟုတ်ကြောင်းပြောခဲ့ပါတယ်။
Author- နန်းလွင်

ဒေါင်းမာန်ဟုန်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template