ဇူလိုင် ၉ ။
ရန်ကုန်-မန္တလေး အဝေးပြေးအမြန်လမ်းမကြီးနှင့် TOLE GATE များတွင်
အရေးပေါ်လူနာတင်ယာဉ် (AMBULANCE) များဖြတ် သန်းသွားလာသည့် အတွက်
ယာဉ်ဖြတ်သန်းအသုံးပြုခ ကောက်ခံ ခြင်းများရှိပါက တိုင်
ကြားနိုင်ကြောင်းသိရသည်။
"မန္တလေးမြို့မှာ့ မေ ၇-ရက်နေ့ကကျင်းပတဲ့ လူငယ်ဖိုရမ်မှာ
လူနာတင်ယာဉ်တွေကိုအမြန်လမ်းမှာ လမ်းအသုံး ပြုခကောက်ခံတာ ကင်းလွတ်ပေးဖို့
တင်ပြလာတာရှိတယ်။လူနာတွေဆေးရုံ သယ်ပို့ပေးတဲ့အခါ ကြံ့ကြာမှု မရှိ အောင်နဲ့
အရေးပေါ်လူနာများအချိန်မီ ကယ်ဆယ်ရေးအတွက်
လမ်းကြေးပေးဆောင်ရတာကိုကင်းလွတ်ပြုထားပါတယ်"ဟု
အစိုးရအဖွဲ့ပြောခွင့်ရှိသူကပြောကြားသည်။
လူနာတင်ယာဉ်များအနေဖြင့် အရေးပေါ်လူနာများကို သယ်ယူပို့ဆောင်သည့်အခါ
လမ်းပေါ်တွင် ကြံ့ကြာမှုများ ရှိရာမှ လူနာများ သေဆုံးမှု ဖြစ်စဉ်များ
ရှိခဲ့ခြင်းကြောင့် ယင်းကဲ့သို့ကောက်ခံခြင်း
မပြုရန်ညွှန်ကြားထားခြင်းရှိသော် လည်း ကောက်ခံနေမှုများရှိနေသည်ဟုဆိုသည်။
အဆိုပါကိစ္စအတွက်မန္တလေးမြို့မှ လူမှုကူညီရေးအသင်းများကလည်း
ယင်းကဲ့သို့ထုတ်ပြန်ခြင်းကို ကြေနပ်မှု ရှိကြပြီး၊လူနာများ၏အရေးကိစ္စများကို
ထိရောက်စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး ၀န်ကြီး
ချုပ်နှင့် လူမှုကူညီရေးအသင်းများတွေ့ဆုံခဲ့စဉ်ကလည်း အရေးပေါ်လူနာတင်
ယာဉ်များ ဖြတ်သန်းခကောက်ခံ ခြင်းကိစ္စကိုတင်ပြခဲ့သည်ဟု ရတနာကိုးသွယ်
လူမှုကူညီရေးအသင်းဥက္ကဌ ဦးအောင်မြင့်ဦးကဆိုသည်။
အောင်သန့်ခိုင်
Mandalay News Agency