Headlines News :
Home » » လှိုင်သာယာ စက်မှုဇုန်ထွက်စွန့်ပစ် ရေဆိုးများကြောင့် ပန်းလှိုင်မြစ်အတွင်းရှိ ရေနေသတ္တဝါများ အန္တရာယ်ရှိ အခြေအနေသို့ ရောက်ရှိ

လှိုင်သာယာ စက်မှုဇုန်ထွက်စွန့်ပစ် ရေဆိုးများကြောင့် ပန်းလှိုင်မြစ်အတွင်းရှိ ရေနေသတ္တဝါများ အန္တရာယ်ရှိ အခြေအနေသို့ ရောက်ရှိ

Written By လွင့်မောင်မောင် on Monday, August 18, 2014 | 4:04 PM

 
ရန်ကုန် သြဂုတ် ၁၇

  လှိုင်သာယာစက်မှုဇုန်မှ ထွက် ရှိသော စွန့်ပစ်ရေဆိုးများကြောင့် ပန်းလှိုင်မြစ်အတွင်းရှိရေနေသတ္တဝါ များ၊ ရေနေအပင်များနှင့် ထိုမြစ် အနီးတွင်နေထိုင်ကြသော ပြည်သူ များအတွက် အန္တရာယ်ရှိနိုင်သော အခြေအနေသို့ ရောက်ရှိနေကြောင်း ပတ်ဝန်းကျင်ရေးရာဓာတ်ခွဲခန်းအဖွဲ့ မှ ဓာတ်ခွဲခန်းတာဝန်ခံ ဒေါက်တာ ကျော်ငြိမ်းအေးကပြောသည်။

အဆိုပါစွန့်ပစ်ရေဆိုးများသည် သင်္ဘောဆေးစက်ရုံ၊ ဆေးဝါးစက် ရုံ၊ စိုက်ပျိုးရေးသုံးပစ္စည်းစက်ရုံ၊ သတ္တုစက်ရုံ၊ လျှပ်စစ်ပစ္စည်းစက် ရုံ၊ မှန်စက်ရုံများမှ ထွက်ရှိနေခြင်း ဖြစ်သောကြောင့် ရေဆိုးသန့်စင် နည်းဖြင့်စွန့်ထုတ်ရန်လိုအပ်ကြောင်း ၄င်းကပြောသည်။

ယင်းကဲ့သို့ရေနမူနာများကောက် ယူလေ့လာရာတွင်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စိတ်ပါဝင်စားသည့် လူငယ်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်း သူများ၊ ဌာနဆိုင်ရာနှင့်အဖွဲ့အစည်း အသီးသီးမှ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ၊စေတနာ့ဝန်ထမ်း လူငယ်များကို ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းအဖွဲ့မှ အစဉ်သဘာဝ ပတ်ဝန်းကျင်စောင့်ကြည့်လေ့လာ ရေးသင်တန်းများပေးကာ လက် တွေ့ကွင်းဆင်းလေ့လာ၍ ဓာတ်ခွဲ စမ်းသပ်တိုင်းတာခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်နေ သည့်နေရာများ၏ ပတ်ဝန်းကျင် အရည်အသွေးအခြေအနေကို သိရှိ နိုင်ရုံသာမက သဘာဝမြစ်ချောင်း များ၏ ထိခိုက်မှုအတိုင်းအတာများ ကိုပါသိရှိလာနိုင်ကြောင်းသိရသည်။
''ဒီရေညစ်ညမ်းမှုတွေက စက်ရုံ ကလာတာအပြင် မြေအောက်ရေ ကလဲပဲ အာဆင်းနိတ်(ရေတွင်ပါ ဝင်သောအဆိပ်တစ်မျိုး)ဖြစ်နိုင်ပါ တယ်။ မြေအောက်ရေအနေနဲ့ တော်တော်များများ အာဆင်းနိတ် ပြဿနာတွေလဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီဟာက လူသားတွေ ကြောင့်ဖြစ်တာလဲပါမယ်၊ သဘာဝ ကြောင့်ဖြစ်တာလဲပါပါမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အနေနဲ့ ပြုပြင်မယ်ဆိုရင် ပြန်ရနိုင် တဲ့အနေအထားမှာရှိပါတယ်။ မပြု ပြင်မှသာလျှင် နောင်နှစ် ၅ဝ၊ နှစ် ၁ဝဝမှာ ဒီမြစ်ချောင်းထဲမှာရှိတဲ့ ငါးမျိုးတွေပြုန်းမယ်၊ မြစ်တွေကော မယ်ဆိုတာမျိုးတွေဖြစ်နိုင်သလို စားနပ်ရိက္ခာကျဆင်းမှုတွေလဲ ရှိနိုင်ပြီး လူတွေလဲဒုက္ခရောက်နိုင် ပါတယ်။ ဒါကို'ဂေဟစနစ်'လို့ ခေါ်ပါတယ်။ လူတွေအတွက်တော့ အန္တရာယ်အရှိဆုံးဖြစ်ပါတယ်''ဟု ဒေါက်တာကျော်ငြိမ်းအေးကဆို သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဌာနကလည်း ဇွန်၁၇ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးစက်မှုဇုန်များရှိ ရေဆိုး စွန့်စနစ်ပြုပြင်ရမည့်စက်ရုံများကို ဇူလိုင်လအတွင်း အပြီးသတ် ဆောင်ရွက်ရန်ညွှန်ကြားခဲ့သော် လည်း အချို့သောစက်ရုံများမှာ အကြောင်းပြန်ကြားလာခြင်းမရှိ ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ သိရသည်။

စိုးစိုးစံ
The Union Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template