အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်သို့
တက်ရောက်ဖူးမြော်ပြီးနောက် ခေါင်းလောင်းထိုးနေသည်ကို သြဂုတ် ၁၀ ရက်ညက
တွေ့ရစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
http://www.7daydaily.com/
အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုစာရင်းဝင် ဦးဇော်ဇော် ဟိုတယ်တွင် တည်းခိုရန်
မြန်မာ အစိုးရက စီစဉ်ခြင်းအပေါ် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သော်လည်း
အချိန်နှင့်နေရာ အခက်အ ခဲကြောင့် တည်းခိုခဲ့ခြင်းဖြစ်ပြီး
ယင်းလုပ်ရပ်ကြောင့် အရေးယူ ပိတ်ဆို့မှုများ မှေးမှိန်သွားရန် မရှိကြောင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်သည်။
ဟိုတယ်ပြောင်းပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုခဲ့သော်လည်း
လူပေါင်းများစွာ၊ ကိုယ်စားလှယ်ပေါင်းများစွာ တက်ရောက်ကြသည့် အစည်းအဝေးနှင့်
နည်းပါးလွန်းသည့် ဟိုတယ် အခန်းအရေအတွက်တို့ကြောင့် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် တည်းခိုခဲ့ခြင်းဖြစ်ကြောင်း
ပြောခွင့်ရပုဂ္ဂိုလ် မစ္စမာရီဟက်ဖ်က သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သည့် သတင်းစာ
ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
‘‘နေပြည်တော်ကို ရောက်ဖူးရင် သိကြမှာပါ။ ဟိုတယ်ခန်းတွေကလည်း နည်းပါးပါတယ်။
ပြီးတော့ ခုလို လူပေါင်းများစွာ၊ ကိုယ်စားလှယ်ပေါင်းများစွာ လာတက်ကြတဲ့
အစည်းအဝေးကြီးအတွက် နေရာတွေက သိပ်မကြီး ပါဘူး။ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး တစ်ယောက်ရဲ့ ခရီးစဉ်မှာ လူတွေဘယ်လောက် လိုက်ပါ သွားရတယ်ဆိုတာ
လိုက်ဖူးတဲ့သူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အရေးယူဒဏ်ခတ်မှုတွေ
အကောင်အထည်ဖော်အောင် ဆောင်ရွက်နေတာကတော့ မှေးမှိန်သွားစရာ မရှိပါဘူး’’ ဟု
၎င်းက အမေရိကန်သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားသွားသည်။
ဦးဇော်ဇော်၏ Lake View ဟိုတယ်တွင် တည်းခိုမှုကြောင့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မှာ ပြည်တွင်း နိုင်ငံရေးအင်အား စုများ၏
ဝေဖန်မှုကို ခံနေရပြီး သြဂုတ် ၁၃ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက
ချက် ချင်းဖြေရှင်းခဲ့ရသည်။
ထို့အပြင် အမေရိကန်အစိုးရက ပိတ်ဆို့ထားသူ တစ်ဦး၏ ဟိုတယ်တွင်
တည်းခြင်းဖြင့် ယင်းပုဂ္ဂိုလ်ကို ပိတ်ဆို့ခံစာရင်းမှ
ပယ်ဖျက်နိုင်ခြေရှိကြောင်း သုံးသပ်မှုများကြောင့် သြဂုတ် ၁၅ ရက်က ပြု
လုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ယင်းကိစ္စကို ထပ်မံဖြေ ရှင်းခဲ့ခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနကမူ မည်သည့်ဟိုတယ်တွင် တည်းပါဟု
စီစဉ်ပေးခြင်း မရှိဘဲ ဟိုတယ်ပြောင်းရန် အမေရိကန် ဘက်မှ တစ်စုံတစ်ရာ
တောင်းဆိုခြင်း မရှိခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန
အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။
‘‘ကျွန်တော်တို့ကို ဟိုတယ် ပြောင်းပေးဖို့ အမေရိကန်နိုင်ငံ
ခြားရေးဝန်ကြီးအဖွဲ့က မပြောပါ ဘူး။ ကိုယ်စားလှယ်တွေအားလုံး တည်းခိုဖို့
ကျွန်တော်တို့စီစဉ်ပေး ထားတာ မှန်တယ်။ ဒါပေမဲ့ သူ တို့ကြိုက်တဲ့
ဟိုတယ်တည်းလို့ ရပါတယ်။ ပြောင်းချင်ရင်လည်း ပြောင်းလို့ရပါတယ်။ နောက်ပြီး
ဘယ်ဟိုတယ်က ဘယ်သူပိုင် တယ်ဆိုတာ အမေရိကန်က မေး လို့ အဲဒီစာရင်းလည်း
သူတို့ကို ပေးခဲ့ပြီးသားပါ’’ ဟု ၎င်းက ပြော ကြားသည်
။မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးများကို အသိအမှတ်ပြု သည့်အနေဖြင့်
စီးပွားရေးပိတ်ဆို့ မှု အများစုကို ဖြေလျှော့ပေးခဲ့ သော်လည်း တစ်ဦးချင်း
ပိတ်ဆို့မှု များကိုမူ ဆက်လက်ထားရှိဦးမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြား
ရေးဝန်ကြီး ဂျွန်ကယ်ရီက နေ ပြည်တော်သတင်းစာရှင်းလင်းပွဲ တွင်
ပြောကြားခဲ့သည်။
ယခင်အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့
လာရောက်သော ခရီးစဉ်တွင် စီးပွားရေးလုပ်ငန်း ရှင် ဦးချစ်ခိုင်ပိုင်သော
သင်္ဂဟဟို တယ်၌ တည်းခိုခဲ့သည်။
ပြီးခဲ့သည့် လများအတွင်း လာရောက်ခဲ့သည့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး
ဝန် ကြီးနှင့် အာရှပစိဖိတ်ရေးရာ စစ် ဗိုလ်ချုပ်ကြီးတို့ကလည်း တစ်ဦး
ချင်းပိတ်ဆို့ခံထားရသူ မြန်မာစီး ပွားရေးလုပ်ငန်းရှင်များနှင့် တွေ့
ဆုံပြီး ပိတ်ဆို့မှုများ ဖယ်ရှားလိုပါ က အမေရိကန်အစိုးရသတ်မှတ် ထားသော
ထုတ်ပြန်ချက်များကို အတိအကျလိုက်နာ အကောင် အထည်ဖော်ရန် လိုကြောင်း ပြော
ကြားခဲ့သည်။
သြဂုတ် လကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံစီးပွားရေး ၀န်ကြီးများ
အစည်းအဝေးကာလ တွင် အမေရိကန်မှ စီးပွားရေးဆိုင် ရာ ဒုတိယလက်ထောက် နိုင်ငံ
ခြားရေးဝန်ကြီး ချားလ်ရီဗင် မြန်မာသို့လာရောက်မည်ဖြစ်ပြီး
ပိတ်ဆို့မှုစာရင်းကိစ္စ ထပ်မံဆွေး နွေးရန်ရှိနေကြောင်း VOA သတင်းဌာနတွင်
ဖော်ပြထားသည်။
ဒေါင်းမာန်ဟုန် မှ