
ရန်ကုန် သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦး မြို့နယ်မှ မွေးရာပါခြေလေးချောင်း ပါသည့် ကလေးငယ်တစ်ဦး ခွဲစိတ် ကုသရန် ရန်ကင်းကလေးဆေးရုံကြီး သို့ ရောက်ရှိနေကြောင်းကြားသိရ သဖြင့် ကလေးငယ်၏အခြေအနေနှင့် ခွဲစိတ်ကုသမှု အစီအစဉ်များကို သိရှိလိုပါသဖြင့် အဆိုပါဆေးရုံကြီး သို့ ရောက်ရှိခဲ့သည်။
ခြေလေးချောင်းပါသည့် ကလေး ငယ်မှာမိန်းကလေးဖြစ်ပြီး ရန်ကင်း ကလေးဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန် ရောက်ရှိနေသည်။ ကလေး မှာ တစ်နှစ်နီးပါးအရွယ်ရှိနေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်၏မိဘများ မှာ ဦးမောင်လွင်နှင့် ဒေါ်ဌေးတို့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အင်းကျင်းစုကျေးရွာတွင် ဤကလေး ငယ်ကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၁၄ရက်က မွေးဖွားခဲ့ခြင်းဖြစ်သည်။
ကလေးငယ်၏ အမည်မှာ မဖူးပွင့် ဖြစ်ကြောင်း၊ လူနာကလေးငယ်ကို ပဲခူးမြို့ ဒိုက်ဦးဆေးရုံမှတစ်ဆင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် စစ် ဆေးစမ်းသပ်ခွဲစိတ်မှုခံယူရန် ရောက် ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ကလေးဆေးရုံကြီးမှ ၂ဝ၁၃ခုနှစ် စက်တင်ဘာ ၁၉ရက်တွင် ရန်ကင်းကလေးဆေးရုံကြီးသို့ ရောက် ရှိလာသည့် ခြေလေးချောင်းပါကလေး ငယ် မဖူးပွင့်အား ခွဲစိတ်ကုသမည့် အခြေအနေများကို ရန်ကင်းကလေး ဆေးရုံကြီးမှဆေးရုံအုပ်ကြီးဒေါက်တာ အောင်မြင့်လွင်အား သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ ဆေးရုံအုပ်ကြီး က ''ခြေလေးချောင်းပါ လူနာ ကလေးက အခုဆိုရင် ဆရာတို့ဆေးရုံ ကိုရောက်တာ တစ်နှစ်နီးပါရှိပါပြီ။ ဒီကလေးက သူရဲ့ပုံမှန်ခြေနှစ်ချောင်း
အပြင် ပေါင်ခွကြားထဲမှာ နောက် ထပ်ခြေနှစ်ချောင်းအပိုပါရှိပါတယ်။ အဲ့ဒီအပိုခြေနှစ်ချောင်းက တင်မဆုံ ပိုင်းကစပြီးတော့ ဒီခွကြားမှာ လာတွဲ နေပါတယ်။ အဲသလိုတွဲနေတော့ ဝမ်းသွားတဲ့ လမ်းကြောင်းတို့ ဆီး သွားတဲ့လမ်းကြောင်းတို့ အဲဒါတွေ ကမောက်ကမ ဖြစ်နေပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းမှာလည်း ကျောက်ကပ်တို့၊ ဆီးတို့ နှစ်ပိုင်းကွဲနေ တာတွေ့ရပါတယ်။ နေရာတကျမရှိ ဘူးပေါ့။ ဒီလူနာကိုပြန်ပြီး ပြုပြင် ကုသဖို့အတွက် ဆရာတို့အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီအဖွဲ့ မှာ ခွဲစိတ်ဆရာဝန်ကြီးတွေပါမယ်။ မေ့ဆေး ဆရာဝန်ကြီးတွေပါမယ်။ ဆီးနဲ့ ကျောက်ကပ်ဆရာဝန်ကြီး တွေပါမယ်။ မေ့ဆေးဆရာဝန်တွေ ပါမယ်။ ဆရာတို့ဆေးရုံက ဆေး ကုသရေးအဖွဲ့တွေပါမယ်။ ပါမောက္ခ တွေ၊ အထူးကြပ်မတ်ဆောင် တာဝန် ယူမယ့် ဆရာဝန် ဆရာမတွေ ပါမယ်၊ သူနာပြုဆရာမတွေပါမယ်၊ အကုန်လုပ်ဆောင်ရမယ့် တာဝန် တွေကို ကဏ္ဍအလိုက်တာဝန်ယူ ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေ ပါတယ်။
ခွဲစိတ်ကုသဖို့အတွက် ကလေး ကျန်းမာရေးကောင်းအောင် ပြုစု စောင့်ရှောက်နေပါတယ်။ ခွဲစိတ်ကုသ လို့ရှိရင် ဘာတွေလုပ်ရမလဲဆိုတာ ကိုလည်း စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ လောလောဆယ် ကလေးကို ခွဲစိတ်ကုသမှုပြုလုပ်ဖို့ မပြည့်စုံသေးတဲ့အတွက် ခွဲစိတ်ကုသ မှုမလုပ်နိုင်သေးပါဘူး၊ ပြည့်စုံပြီဆိုရင် မကြာခင်ခွဲစိတ်ပါမယ်။ ဆရာတို့ ဆေးရုံအတွက် အများဆုံးလှူဒါန်း တာကတော့ ဧရာဝတီဖောင်ဒေးရှင်း ကပါ''ဟု ပြောကြားသွားသည်။
ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံအပြီး တွင် ကလေး၏မိဘများနှင့် ဆက် လက်တွေ့ဆုံခဲ့သည်။
ကလေး၏ ဖခင်ဦးမောင်လွင်မှာ အသက် ၄၆နှစ်ရှိပြီဖြစ်ပြီး တောသူ တောင်သားတစ်ဦးဖြစ်သည်။ မိခင် ဒေါ်ဌေးမှာ အသက် ၄၅နှစ်ရှိသည်။ ယခုကလေးငယ်မှာ မွေးချင်း ခုနစ် ယောက်မြောက် သမီးဖြစ်ကြောင်း သိရသည်။
ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များ၊ အလှူရှင်များနှင့်ဝိုင်းဝန်းပံ့ပိုး ကြသူများက ခွဲစိတ်ကုသမှုလုပ်ငန်း အဆင့်ဆင့် ချောမွေ့အောင်မြင်ရေး အတွက် ဘက်စုံထောင့်စုံမှ ဆောင် ရွက်လျက်ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
(မြန်မာ့အလင်း)