Headlines News :
Home » , » အလုပ်သမားလက်မှတ်ရှိသူတွေ နိုင်ငံကူးလက်မှတ်လုပ်နိုင်ရန် မြန်မာအစိုးရ ကူညီ

အလုပ်သမားလက်မှတ်ရှိသူတွေ နိုင်ငံကူးလက်မှတ်လုပ်နိုင်ရန် မြန်မာအစိုးရ ကူညီ

Written By လွင့်မောင်မောင် on Sunday, August 17, 2014 | 7:24 PM

 
ထိုင်းနိုင်ငံမှာ အလုပ်သမား လက်မှတ်ရှိသူတွေ မြန်မာပြည်ပြန်ပြီး နိုင်ငံကူး လက်မှတ်လုပ်နိုင်ဖို့ မြန်မာ အလုပ်သမား ၀န်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်အရ အလုပ်သမား လက်မှတ်ရှိသူတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာ သံရုံးက ခရီးသွားခွင့် ထောက်ခံချက်ထုတ်ပေးမှာဖြစ်ပြီး အဲ့ဒီထောက်ခံချက်နဲ့ နယ်စပ်ဒေသတွေ က တဆင့် မြန်မာပြည်ပြန် နိုင်ငံကူးလက်မှတ်လုပ်ကြရမှာ ဖြစ်ပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို သံရုံးက ထောက်ခံချက်ထုတ်ပေးတဲ့အတွက် အဆင်ပြေသွားနိုင်တာတွေကို အခုလို ပြောပါတယ်။
“ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေပြီးတော့ ဖွဲ့စည်းထားတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်တွေ ရှိတယ်။ သူတို့တွေကို မြန်မာသံရုံးရဲ့ကိုယ်စား သက်ဆိုင်ရာဒေသအသီးသီး ကနေပြီးတော့ ခရီးသွားလာခွင့်ထောက်ခံချက်တွေကို လုပ်ပိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဦးတည်ပြီး ချီတက်သွားစရာမလိုပဲ စောစောကပြောတဲ့ ကော်မတီဝင်တွေရှိတဲ့ ဒေသတိုင်းက ခရီးသွားလာခွင့်လက်မှတ် အထောက်အထားတွေ ထုတ်ပေးလိုက်မယ်ဆိုရင် မြန်မာအလုပ်သမားတွေအတွက် ခရီးသွားလာရတာလည်း သက်သာမယ်၊ အချိန်ကုန်ငွေကုန်နဲ့ အခြားစိတ်ပင်ပန်းမှုတွေ သက်သာမယ်လို့ ကျနော်ပြောချင်တယ်ခင်ဗျ။”

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကတော့ ဒီ့ထက်ပို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးလို့ရတယ်လို့ ပြောပါတယ်။

“တချို့အချက်အလက်တွေက မရှင်းလင်းဘူး။ မရှင်းလင်းဘူးဆိုတာက ထိုင်းနိုင်ငံမှာ ထုတ်ပေးနေတဲ့ လက်မှတ်တွေက ကျနော်တို့ ပထမနားလည်ထားတာက သူတို့မှတ်ပုံတင်တဲ့ ပြည်နယ်အတွင်းမှာပဲ သွားလို့ လာလို့ရတယ်လို့ ကျနော်တို့နားလည်ထားတယ်။ ကျနော်တို့ အနေကလည်း အလုပ်သမားတွေကို အဲဒီပြည်နယ်ထဲမှာပဲ သွားလို့ရတယ်လို့ ရှင်းပြထားတယ်။ ဒါပေမယ့် သူတို့က အဲဒီခရီးသွားလက်မှတ်တွေ ထုတ်ပေးရမယ်ဆိုတော့။ နယ်ကလူတွေ ပြည်နယ်က လူတွေကအနေနဲ့ သံရုံးကို သွားဖို့ အဲဒီကြားမှာ အခက်အခဲတွေ အများကြီး ရှိတယ်။ အဲဒီအခက်အခဲတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက်ဖြေရှင်း ပေးသင့်တယ်လို့ ကျနော်ထင်တယ်။ ၂ ပိုင်းလို့ ကျနော်မြင်မယ်။ ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ရမှာက တပိုင်း၊ နောက်တပိုင်းက ပြည်နယ်က ကိုယ်စားလှယ်တွေ သူတို့ စာရွက်စာတန်းထုတ်ပေး ပိုင်ခွင့်ရှိတဲ့သူတွေက အဲဒီပြည်နယ်တွေမှာ လိုက်ပြီး အမြန်ဆုံးဆောင်ရွက်ပေးရင်တော့ ပိုပြီး ထိရောက်မယ်လို့ ကျနော်ထင်တယ်။”

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥကဌ ဦးမိုးကြိုးကလည်း ဘန်ကောက် မြန်မာသံရုံးကဖွဲ့ထားတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ အနေနဲ့ လုပ်ဆောင်ပေးလို့ ရတဲ့အကြောင်း ပြောပါတယ်။

“ထိုင်းနယ်မြေထဲမှာဖြစ်ဖြစ် မြန်မာနယ်မြေထဲမှာ ဖြစ်ဖြစ် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ ရဲ့ စစ်ဆေးမေးမြန်းမှုတွေ လွတ်ကင်းတယ်။ ပြီးတော့ မလိုလားအပ်တဲ့ အကျင့်ပျက် ရဲဝန်ထမ်း တွေရဲ့ ငွေကြေးတောင်းရမ်းမှုနဲ့ မလိုလားအပ်တဲ့ အချိန်ကြန့်ကြာအောင် ငွေမထွက်ထွက်အောင် ဖိအားပေး စစ်ဆေးတာတွေကနေ ကင်းလွတ်တယ်။ ပြီးတော့ အလုပ်သမားတွေကို မိခင်နိုင်ငံ အစိုးရကနေပြီးတော့ အလုပ်သမားတွေရဲ့ သွားရေးလာရေး အဆင်ပြေစေရေးအတွက် စောင့်ရှောက်တယ်။ ငါ့တို့ကို စောင့်ရှောက်ဖော်ရသားပဲဆိုတဲ့ စိတ်ခွန်အားတခုရစေတယ်။ အဲဒါ အားသာချက်ပဲ။”

အလုပ်သမားလက်မှတ်ကိုင်ဆောင်ထားသူတွေကို သံရုံးက အခုလိုမျိုး ခရီးသွားခွင့် ထောက်ခံ ချက် လုပ်ပေးတာ ဒါပထမဆုံး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းစစ်ကောင်စီဟာ ထိုင်းတနိုင်ငံလုံးရှိ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေကို အလုပ်သမားလက်မှတ်တွေ လုပ်ပေးနေတုန်း မြန်မာအလုပ်သမားဝန်ကြီးဌာနက ခုလို ပူးပေါင်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အလုပ်သမားလက်မှတ်နဲ့ မြန်မာပြည်ပြန်လာပြီး နိုင်ငံကူးလက်မှတ်လာလုပ်ရင် ဦးစားပေး လုပ်ပေးမယ်လို့လည်း မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template