Headlines News :
Home » » နေပြည်တော်အနီး ဗဟိုပြု၍ ငလျင်လှုပ်

နေပြည်တော်အနီး ဗဟိုပြု၍ ငလျင်လှုပ်

Written By လွင့်မောင်မောင် on Monday, August 18, 2014 | 12:52 PM

ရန်ကုန်- ယနေ့ နံနက်အစောပိုင်းက နေပြည်တော်၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ကြိမ်လှုပ်ခဲ့ကြောင်း မိုး/ဇလဌာန (ငလျင်ဌာခွဲ)မှ သတင်းရရှိသည်။
‘‘နေပြည်တော်တစ်ခုပဲ သိသိသာသာခံစားလိုက်ရတာပါ။ ဗဟိုပြုတဲ့နေရာမှာ တောင်ကုန်းတွေများတော့ တခြားနေရာတွေ မသိလိုက်ပါဘူး’’ဟု မြေငလျင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါငလျင်သည် နေပြည်တော်နှင့် ၁၀ မိုင်ခန့်အကွာ နေပြည်တော်နှင့် တောင်တွင်းကြီးမြို့ကြား ကုန်းတွင်းတစ်နေရာကို ဗဟိုပြုခဲ့ကြောင်း မြေငလျင်ဌာနက သတင်းထုတ်ပြန်ထားပြီး တောင်တွင်းကြီးမြို့အနီးပတ်ဝန်းကျင်များတွင်မူ ခံစားလိုက်ရခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
ယခု ငလျင်လှုပ်ရာနေရာသည် ပဲခူးရိုးမအနောက်ဘက်ခြမ်း ပြတ်ရွှေ့ကြောတွင်ရှိပြီး ၂၀၀၃ ခုနှစ် စက်တင်ဘာလက တောင်တွင်းကြီးမြို့တွင် ပြင်းအား ရစ်ခ်ျတာစကေး ၆ အဆင့်အထက်ဖြင့် လှုပ်ခဲ့ဖူးသည်။ နာမည်ကျော် စကိုင်းပြတ်ရွှေ့ကြော၊ ၁၉၇၅ ခုနှစ်က ပုဂံငလျင်ကိုဖြစ်စေခဲ့သည့် ဂွေးချိုငလျင် ကြောတို့နှင့် ဆက်စပ်နေပြီး ငလျင်ငယ်လေးများ နှစ်စဉ်လှုပ်လေ့ရှိကြောင်း တောင်ငူတက္ကသိုလ်၊ ဘူမိဗေဒဌာန၊ လက်ထောက်ကထိက ဒေါက်တာ  စိုးမင်းက ပြောသည်။
နေပြည်တော်အနီး ဗဟိုပြုခဲ့သည့် ငလျင်မှာ မြန်မာပြည်တွင်းကို ဗဟိုပြု၍ သုံးရက်အတွင်း နှစ်ကြိမ်လှုပ်သည့် ငလျင်ဖြစ်ပြီး ဩဂုတ် ၁၆ ရက် နံနက်က ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက်မိုင် ၂၀ ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားခဲ့သည်။
7Day
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template