
ဟီရိုရှီးမား ဒေသက မြေပြိုမှုကြောင့် တွေ့ရတဲ့ ပြိုကျနေတဲ့အိမ် (Credit: Reuters)
ဂျပန်နိုင်ငံ အနောက်ဘက်ခြမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကနေ မြေပြိုကျမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၃၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း အတော်များများလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရက်သတ္တပါတ်ကြာ ဆက်တိုက် မိုးရွာ သွန်းမှုကြောင့် Hiroshima ဒေသက မတ်စောက်တဲ့ တောင်ကုန်း တွေနဲ့ ဆင်ခြေ လျှောတွေ ကနေ မြေပြိုမှုတွေ ဖြစ်ပေါ် ခဲ့တာဖြစ်ပါတယ်။
ပြိုကျ လာတဲ့ တောင် ကုန်း တွေ က ရွံ့ တွေ ကျောက်ခဲ တွေနဲ့ ရောပြီး ပါလာတဲ့ ရေတွေ ဟာ အိမ်တွေ ကို တိုက်စား ပြိုကျ သွားစေခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။
ABC Radio Australia