Headlines News :
Home » » မြန်မာမှာ အီဘိုလာပိုးရှိတယ်လို့ သံသယရှိသူကို သီးသန့် စစ်ဆေးမှုလုပ်နေ

မြန်မာမှာ အီဘိုလာပိုးရှိတယ်လို့ သံသယရှိသူကို သီးသန့် စစ်ဆေးမှုလုပ်နေ

Written By လွင့်မောင်မောင် on Thursday, August 21, 2014 | 8:06 AM

 
အီဘိုလာ ​ဗိုင်းရပ်စ်ပိုး ​ပျံ့နှံ့နေတဲ့ ​Guinea ​နဲ့ ​Liberia ​နိုင်ငံ ​ကနေ ​ပြန်လည် ​ရောက်ရှိ ​လာတဲ့ ​မြန်မာ ​တစ်ဦးကို ​မြောက်ဥက္က လာပ မြို့နယ် ​ဝေဘာဂီ ​ဆေးရုံမှာ ​စောင့်ကြည့် စစ်ဆေးမှု ​လုပ်နေပါတယ်။

အဲဒီ ​အသက် ​၂၂ ​နှစ်အရွယ် ​မြန်မာနိုင်ငံ ​သားဟာ ​Guinea ​နိုင်ငံမှာ ​တစ်နှစ်ကျော်ကြာ ​အလုပ်လုပ် ​ခဲ့သူဖြစ်တဲ့ ​အတွက် ​သံသယရှိ နေကြတာ ဖြစ်ပါတယ်။

အပြင်းအထန် ​ဖျားနာ ​မှုဖြစ်နေပြီး ​အားအင်ချိနှဲ့သလို ​ဖြစ်နေခဲ့ရာက ​လူလေးယောက်က ​ဆေးရုံကို ​လာ ​ရောက် ​ပို့ ​ဆောင် ​ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလူနာကို ​လာရောက်ပို့ ​ဆောင်ခဲ့ ​သူတွေကိုလည်း ​ဆေးရုံမှာ ​စောင့်ကြည့် ​စစ်ဆေးမှုတွေ ​လုပ်နေပေမယ့် ​အခုချိန်ထိတော့ ​ဖျားနာတဲ့ ​လက္ခာဏာတွေ ​မတွေ့ရ ​ဘူးလို့ ​ဆိုပါတယ်။

အခုလောလောဆယ် ​အီဘိုလာ ​ရောဂါပိုး ​ရှိမရှိကို ​သိရှိဖို့ ​သွေး၊ ​ဆီးအစရှိတဲ့ ​နမူနာတွေကို ​အိန္ဒိယနိုင်ငံကို ​ပို့ဆောင် ​ထားပြီလို့ ​မြန်မာ ​ကျန်းမာရေး ​ဝန်ကြီးဌာနက ​ဒုညွှန်ကြားရေးမှူးချုပ် ​ဦးထွန်းတင်က ​အေအက်ဖ်ပီကို ​ပြောပါတယ်။

အဲဒီ ​စမ်းသပ်မှုက ​သုံးရက်၊ ​လေးရက်လောက် ​ကြာမြှင့်မှာဖြစ်ပြီး ​အဲဒီနောက်မှာတော့ ​အီဘိုလာပိုး ​ရှိမရှိ ​သိရှိနိုင်မယ်လို့လည်း ​ပြောပါတယ်။

မြန်မာနိုင်ငံ ​ကျန်းမာရေးစနစ်ဟာ ​နိမ့်ကျလွန်းတဲ့အတွက်လည်း ​မြန်မာနိုင်ငံမှာ ​အီဘိုလာလို ​ကြောက်စရာကောင်းတဲ့ ​ရောဂါပိုး ​ပျံ့နှံ့မယ်ဆိုရင် ​မတွေးဝံ့စရာ ​ဖြစ်လိမ့်မယ်ဆိုပြီးတော့လည်း ​လူမှုကွန်ယက်တွေမှာ ​ရေးသားထုတ်ဖော်ပြောဆိုနေကြပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း ​နာမကျန်းဖြစ်နေတဲ့ ​နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးကို ​စောင့်ကြည့်စစ်ဆေးမှု ​လုပ်နေပါတယ်။

အဲဒီ ​နိုင်ဂျီးရီးယားနိုင်ငံသား ​နှစ်ဦးရဲ့ ​ဘေးနားကနေ ​လေယာဉ်ပေါ် ​လိုက်ပါစီးနှင်းလာသူတွေကိုလည်း ​မိမိရဲ့ ​ကျန်းမာရေးတွေ ​စောင့်ကြည့်ကြဖို့ ​သတိပေးချက်တွေ ​ပို့ဆောင်ထားပါတယ်။

ဒါ့အပြင် ​လေဆိပ်တွေမှာ ​လူတိုင်းရဲ့ ​ကိုယ်အပူချိန်ကို ​တိုင်းတာမှု ​လုပ်နေတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template