Headlines News :
Home » » ဂျေဂျေ ခရီးသည်တင်ယာဉ် လမ်းချော် တိမ်းမှောက်၍ ခရီးသည်အချို့ ဒဏ်ရာရ

ဂျေဂျေ ခရီးသည်တင်ယာဉ် လမ်းချော် တိမ်းမှောက်၍ ခရီးသည်အချို့ ဒဏ်ရာရ

Written By လွင့်မောင်မောင် on Thursday, August 21, 2014 | 8:08 AM

 
 နေပြည်တော် သြဂုတ် ၂၀


ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၂၁ အလွန်တွင် ယနေ့မွန်းလွဲပိုင်းက ဂျေဂျေ ခရီးသည်တင်မှန်လုံ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နိုင်ငံခြားသားသုံးဦး အပါအဝင် ခရီးသည် အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ
 ဥတ္တရသီရိမြို့နယ် ပန်းတင် အမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၂၁/ ၁) နှင့် (၂၂၁/၂) အကြားတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း တင်လင်းအောင် (၃၅ နှစ်) မောင်းနှင်လာသည့် ဂျေဂျေ ခရီးသည်တင် မှန်လုံယာဉ်သည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများကို တိုက်ကာ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၉ ဦးအနက် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း၁၇ ဦး ဒဏ်ရာရရှိ (အားလုံး မစိုးရိမ်ရ) ခဲ့သည်။ ဒဏ်ရာ ရရှိသူများထဲတွင် တရုတ်နိုင်ငံသား နှစ်ဦး၊ ဩစတြေးလျ နိုင်ငံသား တစ်ဦး ပါဝင်သည်။

သတင်းရလျှင်ရချင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး ကွပ်ကဲကြပ်မတ်ကာ ဒဏ်ရာရရှိသူများအား တပ်ဖွဲ့ပိုင်ယာဉ်များဖြင့် နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့သည်။

 အမြန်လမ်းမပေါ်၌ တိမ်းမှောက်နေသော ဂျေဂျေခရီးသည်တင် မှန်လုံယာဉ်ကို ယာဉ်ကြော ပိတ်ဆို့မှုမရှိစေရေး အတွက် မီးသတ်တပ်ဖွဲ့က ဝန်ချီစက်ပါသော ယာဉ်ဖြင့် ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ထားရှိပြီး ဆောက်လုပ်ရေး (အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အဖွဲ့)က ဘက်ဖိုးယာဉ်ဖြင့် ယာဉ်ကြော ရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့သည်။

 ဖြစ်စဉ်မှာ အခင်း ဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေခြင်း၊ ဂျေဂျေ ခရီးသည်တင် မှန်လုံယာဉ်၏ နောက်ဘီးလေးဘီး စလုံးမှာ တာရာပန်းများ မရှိဘဲ ပါးနေခြင်းနှင့် လမ်းအကွေ့တွင် ချော်ပြီးနောက် အရှိန် မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template