Headlines News :
Home » » ခြောက်ပွင့်ဆိုင်ထက် ပြည်သူအားလုံးလက်ခံသော တွေ့ဆုံမှုဖြစ်ရေး ဦးစားပေးရန် နိုင်ငံတော်သမ္မတ သဏ်လွှာပို့

ခြောက်ပွင့်ဆိုင်ထက် ပြည်သူအားလုံးလက်ခံသော တွေ့ဆုံမှုဖြစ်ရေး ဦးစားပေးရန် နိုင်ငံတော်သမ္မတ သဏ်လွှာပို့

Written By လွင့်မောင်မောင် on Tuesday, January 20, 2015 | 11:19 PM


နေပြည်တော်၊ ဇန်နဝါရီ ၁၉
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ မြန်မာ့နိုင်ငံရေး ပြဿနာများ အတွက် စုပေါင်းအဖြေရှာသည့် ဆွေးနွေးပွဲပုံသဏ္ဌာန် ဖြစ်သော်လည်း ပြည်သူအားလုံးနှင့် တိုင်းရင်းသားအများစု လက်ခံသော တွေ့ဆုံဆွေးနွေးရေး ကိုသာ ဦးစားပေးပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။
ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နါရီလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တို့မှ အတည်ပြုထားသည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူမျိုးစု ၇ စုပါဝင်သော တွေ့ဆုံမှုမျိုး ဖြစ်သောကြောင့် တိုင်းရင်းသားပြည်သူ အားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးနှင့် နိုင်ငံရေး အင်အားစုများ လက်ခံသော တွေ့ဆုံမှုကိုသာ ပြုလုပ်စေလိုကြောင်း ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။
နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပေးပို့သောသဝဏ်လွှာတွင် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနှင့် ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး တို့အနက် မည်သည့်တွေ့ဆုံမှုမျိုး ပို လိုလားသည်ကို လွှတ်တော်က ပြန်လည် အကြောင်းကြားပေးရန်လည်း ထည့်သွင်း ရေးသားထားသည်။
နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်းမရှိပေ။
ယင်းသဝဏ်လွှာသည် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအတွက် အချိန်ဆွဲခြင်း သာဖြစ်ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းထိန်က မှတ်ချက်ပြုသည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ရုပ်သိမ်းမည်မဟုတ်ကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်နဝါရီလ ၁၃ ရက်နေ့က မီဒီယာများကို ပြောဆိုထားသည်။
နိုင်ငံတော်သမ္မတ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦး ပါဝင်သော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေးအတွက် အောက်တိုဘာလအတွင်း ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တို့တွင်မူ ယင်းခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးထက် တိုင်းရင်းသားများ ကိုယ်စားပြုပါဝင်နိုင်မည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် အဆိုများ တင်သွင်းခဲ့ကြသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်သော ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယင်းဆွေးနွေးပွဲတွင် မည်သည့်ရလဒ်မှ ထွက်ပေါ်ခြင်းမရှိခဲ့ကြောင်း NLD ပါတီ အပါအဝင် တိုင်းရင်းသားပါတီ အချို့က ဝေဖန်ခဲ့ကြသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template