Headlines News :
Home » » ISIS များက အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ဟု ဗြိတိန်နိုင်ငံ သတိပေး

ISIS များက အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ဟု ဗြိတိန်နိုင်ငံ သတိပေး

Written By လွင့်မောင်မောင် on Tuesday, January 20, 2015 | 1:51 PM


လန်ဒန် ၊ ၂၀-၁-၂၀၁၅

ISIS စစ်သွေးကြွ များသည် အိန္ဒိယနိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင် လာနိုင်ကြောင်း ဗြိတိန်နိုင်ငံက အဆိုပါ နိုင်ငံအစိုးရ ကို သတိပေး ပြောကြားထားပြီး ယင်း တိုက်ခိုက်မှု များကို ကာကွယ်နိုင်ရေး အတွက် အရှေ့ အလယ်ပိုင်း ရှိ အကြမ်းဖက် အဖွဲ့များ၏ လုပ်ဆောင်မှု များကို စောင့်ကြည့်ရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံမှ အစိုးရ အရာရှိ များသည် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့ တွင် လန်ဒန်မြို့၌ ကျင်းပပြုလုပ် ခဲ့သည့် အင်ဒိုနီးရှား - ဗြိတိန် အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်း လုပ်ဆောင်ရေး အဖွဲ့၏ ဆွေးနွေးပွဲတွင်သတိပေး ခဲ့ခြင်းဖြစ်
သည်။

သို့ရာတွင် ဗြိတိန် အစိုးရသည် ပါကစ္စတန် နိုင်ငံအတွင်းရှိ လက်ရှ်ကာ အီတိုအီဘာ စစ်သွေးကြွ များ၏ အန္တရာယ်ထက် ISIS စစ်သွေးကြွ များကို ပို၍ သတိထားလျက် ရှိကြောင်း အိန္ဒိယ အာဏာပိုင် များက ပြောကြား ခဲ့သည်။

ထို့ပြင် ဗြိတိန်နိုင်ငံ သည် ၄င်းတို့၏ နယ်မြေပိုင်နက် အတွင်း ပါကစ္စတန် နိုင်ငံအတွင်းရှိ အကြမ်းဖက် သမားများက တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်း မရှိစေရန် အတွက် ဗြိတိန် ထောက်လှမ်းရေး အဖွဲ့များကို ပါကစ္စတန် လုံခြုံရေး အဖွဲ့များ ထံမှ အကူအညီများ ရယူနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ လူငယ် လေးဦးသည် လွန်ခဲ့သည့်နှစ် မေလ အတွင်းက နိုင်ငံ အတွင်းမှ ထွက်ခွာသွားပြီး ISIS စစ်သွေးကြွ များနှင့် သွားရောက် ပူးပေါင်း ခဲ့ပြီးနောက် ယင်းတို့ အနက်မှ တစ်ဦးသည် နိုဝင်ဘာလ က နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက် လာခဲ့ကြောင်း၊ ထို့ပြင် အမေရိကန် ပြည်ထောင်စုမှ ပြန်လာသည့် အင်ဂျင်နီယာ တစ်ဦးမှာလည်း ISIS စစ်သွေးကြွ များနှင့် သွားရောက် ပူးပေါင်းရန် ကြိုးပမ်းစဉ် အတွင်း လမ်းခရီး၌ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

PyiChitThar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template