Headlines News :
Home » , » "ငါ့ကို ဒီလိုပြောထားတယ်။ ငါ ဒီထက် ပိုပြီး လုပ်ပြမယ်"

"ငါ့ကို ဒီလိုပြောထားတယ်။ ငါ ဒီထက် ပိုပြီး လုပ်ပြမယ်"

Written By လွင့်မောင်မောင် on Wednesday, January 21, 2015 | 4:22 PM

Sexy Model သရုပ်ဆောင် ဇွန်သဉ္ဖာ (ဓာတ်ပုံများ - ယမင်းဦး)

သရုပ်ဆောင်အနုပညာလောကထဲမှာ ဖြတ်လမ်းနည်းနဲ့ အောင်မြင်ပေါက်မြောက်အောင် sexy pose တွေကို ရိုက်ခဲ့တာပါလို့ ဧရာဝတီကို ပြောခဲ့ဖူးတဲ့ သရုပ်ဆောင်မော်ဒယ်လ် ဇွန်သဉ္ဖာတယောက် အနုပညာ လောကထဲကို ၀င်လာတဲ့ ၁ နှစ်ခွဲကျော်ကာလအလွန်မှာ သူ ရပ်တည်ချင်တဲ့နေရာတခုကို ကျေနပ်မှုအပြည့်နဲ့ ရပ်တည်နေနိုင်ပြီလားဆိုတဲ့အပေါ် ဧရာဝတီဘလော့ဂ်ကို သူပြောပြဖြစ်တာက..

“ကိုယ့်အနေနဲ့ကျတော့ လက်ရှိမှာတော့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအထိတော့ မရောက်ဘူးပေါ့နော်။  ကိုယ့်ရဲ့ ဖြစ်တည်မှု ကိုယ့်ရဲ့ ဘ၀ပေးအခြေအနေနဲ့ ဖြစ်သင့်သလောက်တော့ ဖြစ်လာတဲ့အတွက်တော့ အရမ်းကျေနပ်ပါတယ်။ အခုလိုမျိုး အားပေးတဲ့ပရိတ်သတ်တွေရှိတဲ့အတွက်လည်း ဒီနေ့ဒီနေရာမှာ အခုလိုမျိုး နာမည်တလုံးနဲ့ ရပ်တည်နိုင်တဲ့အတွက် ကျေနပ်ပါတယ်။ ဒါပေမယ့် ကျမလိုချင်တဲ့ အောင်မြင်တဲ့ သရုပ်ဆောင် တယောက် ဖြစ်ဖို့အတွက်တော့ ကျမအနေနဲ့ ခက်ခဲနေတုန်းပါပဲ။ အထူးသဖြင့် ကျမက ဒီဘက်မှာ ဓာတ်ပုံ မော်ဒယ်လ်ပိုင်းမှာ အရမ်းနာမည်ကြီးသွားတဲ့အတွက် သရုပ်ဆောင်ပိုင်းမှာ လွယ်လင့်တကူတော့ အရမ်းကြီး အောင်မြင်မသွားဘူး။ အဲ့ဒီအပိုင်းနှစ်ခုက ပတ်သက်သလိုနဲ့ နည်းနည်းတော့ ကွာဟတယ်။ သရုပ်ဆောင်ပိုင်းက လူတွေက အရမ်းဟော့တာကြီးကို သုံးရမှာ နည်းနည်းလန့်တာမျိုးတွေရှိတယ်။ အဲ့ဒီတော့ ကိုယ် ဒီဘက်မှာ အောင်မြင်တယ်။ ကိုယ်ဖြစ်ချင်တဲ့ နေရာတခုကိုရောက်ဖို့အတွက်တော့ တအားကြီးတော့ မလွယ်ကူ သေးဘူးပေါ့နော်။ ထပ်ကြိုးစားရဦးမယ်။ တဖက်မှာ ကိုယ်ဖြစ်ချင်တဲ့ သရုပ်ဆောင်ပိုင်းမှာတော့ အောင်မြင်ချင် လည်း အောင်မြင်မယ်။ မအောင်မြင်လည်း ဓာတ်ပုံလိုင်းမှာပဲ ရှိရင်လည်းရှိမယ်။ ဒါကတော့ ကျမရဲ့ ကံပဲပေါ့။ အခုချိန်ထိတော့ ကျမ ဖြစ်ချင်တဲ့နေရာတခုအထိတော့ မရောက်သေးဘူး။ လက်ရှိအနေအထားလေးတော့ ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇွန်သဉ္ဖာဆိုတဲ့ အနေအထားတခုက ဒီလိုအနေအထားမျိုးကို ဒီနေရာကို ရောက်လာတယ်ဆို ကတည်းက တော်တော်တော့ ကျေနပ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျမဖြစ်ချင်တဲ့ နေရာတော့ မဟုတ်သေးဘူးပေါ့။” လို့ မော်ဒယ်လ် ဇွန်သဉ္ဖာက ဆိုပါတယ်။

သူပြောပြတဲ့ထဲက သရုပ်ဆောင်ပိုင်းမှာ လူတွေက အရမ်းဟော့တာကြီးကို သုံးရမှာ နည်းနည်းလန့်တယ်ဆိုတဲ့ အနအထားတခုမှာ ဘာကို ဘာကြောင့် လန့်ရတာလဲဆိုတာ စိတ်ဝင်စားစရာတခုပါ။ ဒါကို ဆက် မေးကြည့်တော့..

“သူတို့ကတော့ ကျမရဲ့ ဓာတ်ပုံတွေက Nude တွေဘာတွေနဲ့ ဟော့တယ်ဆိုတဲ့အခါမှာ သူတို့ခေါ်သုံးလိုက်ရင် သူတို့နဲ့များ သမုတ်ခံရမလား ဒါမှမဟုတ်လည်း ဒီလို အရမ်း ဟော့နေတာကို သုံးလိုက်ရင် သူတို့ ဇာတ်ကား အတွက်များ နည်းနည်းပါးပါး image ပျောက်မလား စသဖြင့် ဒီလိုတွေးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့်  တချို့ကျတော့လည်း ဇာတ်က အရမ်းကောင်းနေတဲ့အတွက် ခေါ်သုံးလိုက်ရင် သူတို့ကားအတွက် အများကြီး အကျိုးကျေးဇူးရှိမယ်။ လူတွေက ကိုယ့်နာမည်တလုံးနဲ့ ငှားမလားပေါ့။ နှစ်ဦးနှစ်ဖက်ကတော့ မျှနေပါတယ်။ ကိုယ့်ကို သဘောကျလို့ ငှားချင်တဲ့သူရှိသလို ကြောက်တဲ့သူလည်းရှိတယ်။” လို့ သူ့ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ပြောပါတယ်။

သရုပ်ဆောင် မော်ဒယ်လ် ဇွန်သဉ္ဖာဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက Nude ဓာတ်ပုံတွေနဲ့ Sexy pose တွေကြောင့် လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အဲ့ဒီဓာတ်ပုံတွေကြောင့် ပရိတ်သတ်အားပေးမှု ရရှိလာခဲ့သလို ဝေဖန်ပြစ်တင်မှုများစွာနဲ့လည်း တွေ့ကြုံခဲ့ရသူပါ။ သူဖြတ်သန်းလာခဲ့တဲ့ အနုပညာသက်တမ်းတလျှောက်မှာ အားပေးမှုနဲ့ ဝေဖန်မှု နှစ်ခုမှာ ဘယ်လိုဒဏ်မျိုးကို အများဆုံး ခံခဲ့ရလဲ ဆိုတာဟာလည်း စိတ်ဝင်စားစရာတခုပါ။ Sexy Model ဆိုတဲ့ အနေအထားတခုက မြန်မာပြည် လူ့အသိုင်းအ၀ိုင်းနဲ့ ကျင်းသားရအောင် လေ့ကျင့်ယူနေတဲ့ အချိန်ကာလတခုလို့ဆိုရမလိုပင်။

“အဲ့ဒါကြည့်လိုက်မယ်ဆိုရင် မျှခြေလောက်ပဲရှိတယ်။ အားပေးတဲ့သူတွေကလည်း အားပေးနေသလို၊ ကန့်ကွက် တဲ့သူတွေကလည်း ကန့်ကွက်နေတယ်။ တချို့ဆိုရင် ဒီလိုမျိုး နာမည်တလုံးအတွက် တကူးတက ဌားတယ်။ ပွဲတွေ ဌားတယ်။ တချို့ကျတော့လည်း ခေါ်ရမှာ ကြောက်တယ်ပေါ့။ အဲ့လိုအနေအထားလေး နှစ်ခုကတော့ ရှိတယ်ပေါ့။ တချို့ဆိုရင် အနုပညာသမားတွေကအစ ကိုယ့်ကို လာပြီးတော့ ညီမလေး ဆိုပြီး တွဲခေါ်တယ်။ အားပေးတယ်။ တချို့ကျတော့လည်း တွဲပြီးတော့ သုံးပေးရမှာ၊ ခေါ်ပေးရမှာ ဒီလိုမျိုးနာမည်ကြီးတာကို သူတို့နဲ့ မတူသလို မတန်သလို ဆက်ဆံတာမျိုးတွေလည်းရှိတယ်။ လောလောဆယ်အထိတော့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက တိုက်ခိုက်တာမျိုးတော့ မရှိဘူး။ အပြင်သူငယ်ချင်း အပေါင်းအသင်း သိပ်မရှိတာလည်း ပါပါတယ်။ ကိုယ့်အလုပ်နဲ့ ကိုယ့်ဟာနဲ့ကိုယ်ဆိုတော့လေ။ ဒါပေမယ့် သူတို့စိတ်ထဲမှာ ဘယ်လိုတွေ တွေးပြီး ဘယ်လိုတွေဖြစ်နေမလဲဆိုတာတော့ မပြောတတ်ဘူး။ ကျောင်းတုန်းက သူငယ်ချင်းတွေ ဘာတွေနဲ့လည်း အခု ပြန်ပြီး မတွေ့မိတော့ သူတို့ရဲ့ စိတ်သဘောထားတွေဘာတွေလည်း ပြန်မကြည့်ဖြစ်တော့ဘူး။ ဒါပေမယ့်လည်း သူတို့က ကိုယ့်ကို ချိုးချိုးနှိမ်နှိမ် ဆက်ဆံခဲ့မယ်ဆိုရင်လည်း ကိုယ့်စိတ်ထဲမှာ ဘာမှ ထားပြီးတော့ တုန့်ပြန်နေမှာတော့ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း ဆိုတော့လေ။” လို့ ဇွန်သဉ္ဖာက ပြောပါတယ်။






အားပေးမှုဆိုတာကိုဖယ်ထားပြီး ဝေဖန်မှုဆိုတဲ့အတိုင်းအတာတခုအပေါ် စိတ်ပျက်အားငယ်သွားတာမျိုးရော ရှိဖူးလားဆိုတဲ့အမေးအပေါ် ဇွန်သဉ္ဖာက အခုလိုပြောပါတယ်။

“တခါတလေတော့လည်း စိတ်ဓာတ်တွေဘာတွေ ကျမိပါတယ်။ ဒါပေမယ့် အားပျက်ပြီးတော့ ငါ့မလုပ်တော့ဘူး။ ငါနောက်ပြန်လှည့်လိုက်မယ်လို့ တွေးမိတဲ့အခါမျိုးတွေတော့ မဖြစ်မိဘူး။ ကိုယ့်ဘက်ကိုပိုပြီးတော့ လာပြော လေ။ ပိုပြီးတော့ မုန်းလေ။ ကိုယ့်စိတ်ထဲမှာ မခံချင်စိတ်နဲ့ သူ ပိုပြောလာအောင် ငါ ပိုလုပ်ဦးမယ်ဆိုပြီး အရွဲ့တိုက်ချင်စိတ်ပေါ့။ အဲ့ဒါက ပိုများတယ်။ စိတ်ပျက်တာ ခဏပဲ။ ပြီးရင် ငါ့ကို ဒီလိုပြောထားတယ်။ အိုကေ ငါ ဒီထက် ပိုပြီး လုပ်ပြမယ်။” လို့ ဆိုပါတယ်။

Sexy မော်ဒယ်လ် လမ်းကြောင်းပေါ်ကို နောက်ထပ်ရောက်လာတဲ့ မော်ဒယ်လ်တွေကို ပြောချင်တာက..

“ပုံမှန်နေနေရင် ကိုယ့်ဘာသာ ယုံကြည်မှုရှိတယ်ဆိုရင် ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပေါ်မှာ နောင်တ မရဘဲနဲ့ ဆက်လျှောက်ပါ။ ကိုယ်ဖောက်ထွက်နိုင်မှ ဒီလောကက ထူးခြားပြီးတော့ ပေါက်ထွက်မှာပေါ့နော်။ သမားရိုးကျ အတိုင်းဆိုရင်တော့ သိပ်ပြီးတော့ မလွယ်ဘူး။ သူများနဲ့မတူအောင် ကိုယ်ဘယ်လိုနေနိုင်မလဲ ဘယ်လိုလုပ် နိုင်မလဲ ဒါဆိုရင်တော့ ကျမ အားပေးပါတယ်။ ဆက်လုပ်ပါ။ ဒါပေမယ့် အကောင်းတွေချည်းပဲ ရလာမှာတော့ မဟုတ်ဘူး။ အဆိုးနဲ့အကောင်းနဲ့ကတော့ ဘက်မျှနေတဲ့အတွက် ကိုယ်နောင်တမရဘူးဆိုရင် ဆက်လုပ်ပါလို့ ပြောချင်ပါတယ်။” လို့ သရုပ်ဆောင် မော်ဒယ်လ်ဇွန်သဉ္ဖာ က အကြံပေးပါတယ်။

ဆက်ပြီး ဇွန်သဉ္ဖာက သူရွေးချယ်ခဲ့တဲ့ သူ့ရဲ့ အနုပညာလမ်းကြောင်းနဲ့ ပတ်သက်လို့ ..

“တကယ်လို့များ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ ကျမက အခုချိန်ထိတော့ ကျမမှာ အောင်မြင်သင့်သလောက်တော့ အောင်မြင်ခဲ့ပြီးပြီ။ တချိန်ချိန်မှာ မအောင်မြင်တော့တဲ့အချိန်မှာ ပတ်ဝန်းကျင်မှာ ၀ိုင်းပြီးဝေဖန်တာတို့ ပြစ်တင်တာတို့များ ဖြစ်လာခဲ့မယ်ဆိုရင် အဲ့ဒီဒဏ်တွေကို ကောင်း ကောင်းခံဖို့ အခုကတည်းက ပြင်ဆင်ထားပါတယ်လို့ ..။ လူတွေက ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ခွင့်ရခဲ့ အတွက် ကိုယ့်ထမင်းကိုယ်စားပြီး အသက်ရှင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ ပတ်ဝန်းကျင်က တချိန်မှာ ဒီအလုပ်ကို လုပ်ခဲ့ဖူးတဲ့လူပါဆိုပြီး ၀ိုင်းပြီး နှိပ်ကွပ်ပြီး ပစ်ပယ်ထားမယ်ဆိုရင်တောင် အခုချိန်မှာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်ရတဲ့အတွက် ကျေနပ်သွားပြီ၊ ခံနိုင်ရည်ရှိနေပါပြီလို့ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။



ဧရာဝတီ Blog

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template