Headlines News :
Home » » ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(မန္တလေးစစ်ကြောင်း) သတင်းနှင့်ဓာတ်ပုံ

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(မန္တလေးစစ်ကြောင်း) သတင်းနှင့်ဓာတ်ပုံ

Written By လွင့်မောင်မောင် on Tuesday, January 20, 2015 | 10:59 PM




မဟာမြတ်မုနိဘုရားကြီးသို့ဦးခိုက်ကန်တော့ပြီး ဆက်လက်ထွက်ခွာ။
ဒီမိုကရေစီပညာရေး သပိတ်မှောက် ကျောင်းသားများ မဟာမြတ်မုနိဘုရားကြီး သို့ ဝင်ရောက် ဖူးမျှော် ဦးခိုက်ခဲ့ပြီးနောက် ဆက်လက် ထွက်ခွာလာပြီဖြစ်သည်။
မဟာမုနိ နာရီစဉ် အနီး မှ ကျောင်းသားများ၏ ယာဉ် ကို ဘုရားဂေါပက မှ ဝင်ရောက် ဦးတိုက်ခွင့် ကို ပိတ်ပင်ခဲ့ပြီး လျှောတံခါး ကို သော့မရှိဟု ဖြေကြားသည်။ ထိုလမ်းထဲသို့ ဒေသဆိုင်ရာ အရာရှိများ ၏ ကားများ ဥဒဟို ဝင်ခွင့်ရသော်လည်း ကျောင်းသားများယာဉ် ကို တားမြစ်ခဲ့သဖြင့် အခြေအတင် အငြင်းပွားမှု ဖြစ်ခဲ့ပြီး ဂေါပက ဆိုသူမှ ထွေ အုပ် ကို ပြောဦးမည် ဆို၏ ။
 သတင်းနှင့်ပြန်ကြားရေး
၂၀-၁-၁၅  နေ့လည် ၁၁း၃၅ နာရီ
===============================================
ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းသည် မန္တလေး ၈၄ လမ်း အတိုင်း ထွက်ခွာလာရာ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် ကျင်းပရေး ကော်မတီ ရုံးရှေ့ အရောက်တွင် ခေတ္တ ရပ်တန့်၍ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဟောင်း ကိုအောင်ဆန်း အား ဦးညွှတ် အလေးပြုခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး ကော်မတီ


ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်းသည် မန္တလေး ၊ အိမ်တော်ရာ ဘုရားဝင်း (၁၄)ခန်းဇရပ်ကြီး တွင် စုရုံးလျက် ၂၀-၁-၁၅ နံနက် (၉)နာရီ တွင် စတင်ထွက်ခွာလာပြီ ဖြစ်ပါသည်။ ဤ ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းသည် မန္တလေး - ကျောက်ဆည် - မြင်းခြံ - ပခုက္ကူ - မကွေး - ပြည် - ရန်ကုန် ခရီးကို ချီတက်ကြမည် ဖြစ်ပါသည်။

 
 
==============================================






ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းသည် ၂၀-၁-၁၅ ညနေ ၅း၃၀ နာရီတွင် ပလိပ်မြို့ ရောက်ရှိလာရာ ဒေသခံ ပလိပ်မြို့ မှ နိုင်ငံရေးအင်အားစုများ ၊ အလုပ်သမားအဖွဲ့အစည်းများ နှင့် ဗိုလ်ချုပ်အောင်ဆန်းနှစ်၁၀၀ပြည့်ကျင်းပရေး အဖွဲ့ဝင်များ မှ အင်နှင့်အားနှင့် ကြိုဆိုခဲ့သည့် မြင်ကွင်းများ ဖြစ်ပါသည်.။
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းသည် ပလိပ်မြို့ မြွေဘုရား အနီးရှိ မူလ ဘုရားငါးဆူကျောင်းတွင် ညအိပ် ရပ်နားပြီ ဖြစ်သည်။ ၂၁-၁-၁၅နေ့ နံနက် (၉)နာရီတွင် ကျောက်ဆည်မြို့ သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ဓါတ်ပုံ - ဖိုးသား
သတင်း - ရဲရင့်ကျော်
 ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ 
မှကူးယူဖော်ပြသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template