Headlines News :
Home » » ဂူဂယ်လ်၏ အန်ဒရော့ ၀မ်း ပရိုဂရမ် ထည့်သွင်းနိုင်သည့်နိုင်ငံထဲ မြန်မာပါဝင်

ဂူဂယ်လ်၏ အန်ဒရော့ ၀မ်း ပရိုဂရမ် ထည့်သွင်းနိုင်သည့်နိုင်ငံထဲ မြန်မာပါဝင်

Written By Live100 on Wednesday, June 24, 2015 | 9:09 PM


ဂူဂယ်လ် (Google) နဲ့ ချယ်ရီမိုဘိုင်းတို့ ပူးပေါင်းပြီး ဂူဂယ်လ်ရဲ့ အန်ဒရော့ ၀မ်း ပရိုဂရမ် (Android One Program) ထည့်သွင်းရရှိနိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံပါ ပါဝင်လာပြီလို့ ဂူဂယ်လ်က ထုတ်ပြန်လိုက်ပါတယ်။
အန်ဒရော့ ၀မ်း ဖုန်းတွေလို ဂူဂယ်လ်က စမ်းသပ်ထားတဲ့ နောက်ဆုံးပေါ် Android Version (Lollipop 5.1.1) ရဲ့ စွမ်းဆောင်ရည်တွေ အစုံအလင်ပါဝင်ပြီး အရည်အသွေးကောင်းတဲ့ ဟာ့ဒ်ဝဲအစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စွမ်းဆောင်ရည် အသစ်တွေထဲမှာ ဂူဂယ်လ်ရဲ့ ရုပ်ဝတ္ထုမြင်ကွင်း ဒီဇီုင်းဆန်းတွေ၊ ၂ ဆ ပိုကောင်းတဲ့ စွမ်းဆောင်ရည်၊ ဖုန်းဘက်ထရီ ချွေတာနိုင်တာ၊ ပိုမိုတိကျတဲ့ အသိပေးချက်တွေ ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အန်ဒရော့ ၀မ်း ဖုန်းတွေဟာ နောက်ထပ် ဗားရှင်းအသစ် ထွက်သမျှကို အလိုလို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အန်ဒရော့ ၀မ်း ပရိုဂရမ်ကို အိန္ဒိယမှာ ပထမဆုံး ဖြန့်ချိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ တူရကီနိုင်ငံတွေမှာ ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template