မူးယစ်ဆေး ပြစ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ပြင်သစ်နိုင်ငံသား Serge Atlaoui
ရဲ့ နောက်ဆုံး အယူခံလျှောက်ထားချက်ကို အင်ဒိုနီးရှား တရားရုံးက
ပယ်ချလိုက်ပါတယ်။
အင်ဒိုနီးရှားသမ္မတ Joko Widodo ထံ Serge Atlaoui အတွက်
သက်ညှာခွင့်တောင်းခံထားမှု ပယ်ချခံရတာနဲ့ ပတ်သက်ပြီး မပြောင်းလဲနိုင်ဘူးလို့
တရားရုံးက ဆိုပါတယ်။
သေဒဏ်ကွပ်မျက်မယ့်နေ့ကို မသတ်မှတ်ရသေးပေမယ့် ဇူလိုင်လလယ်မှာ ပြီးဆုံးမယ့်
အစ္စလာမ် ဘာသာရေးဆိုင်ရာ ဥပုသ်ရက်အတွင်းမှာတော့ လုပ်ဆောင်မှာ မဟုတ်ဘူးလို့
ဆိုပါတယ်။
မစ္စတာ Atlaoui ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြစ်ဒဏ်ရွှေ့ဆိုင်းခံခဲ့ရပြီး ကွပ်မျက်ခံရတဲ့ နိုင်ငံခြားသားအုပ်စုထဲက ကျန်ခဲ့တာ ဖြစ်ပါတယ်။
မူးယစ်ဆေး မှောင်ခိုမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ တင်းမာတဲ့
ရပ်တည်မှုကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရတာ ဖြစ်ပါတယ်။
BBC Burmese