Headlines News :
Home » » ကိုပါကြီးအမှုနှင့်ပတ်သက်ပြီး တပ်မတော်သားများ တရားရုံးတွင် သက်သေထွက်ဆို

ကိုပါကြီးအမှုနှင့်ပတ်သက်ပြီး တပ်မတော်သားများ တရားရုံးတွင် သက်သေထွက်ဆို

Written By Live100 on Tuesday, June 23, 2015 | 9:50 PM


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တရားရုံးက အလွတ်သတင်းထောက် ကိုပါကြီးဟာ ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘဲ တစုံတယောက်ရဲ့ ပယောဂကြောင့် သေဆုံးခဲ့တာလို့ ဒီကနေ့ ဆုံးဖြတ်ပါတယ်။
စစ်တပ်က ဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ကိုပါကြီးအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒု-ရဲမှူး  ဦးတင်ဦးက တရားလိုလုပ်ပြီး ‘သေမှုသေခင်း’ အနေ နဲ့အမှုဖွင့် စစ်ဆေးနေ တာပါ။ ဒီကနေ့  ၉ ကြိမ်မြောက် ရုံးထုတ်မှာတော့ ပစ်ခတ်မှုနဲ့ဆက်စပ်ပတ်သက်တဲ့ စစ်သားကို ဆင့်ခေါ်စစ်ဆေးပြီးနောက် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
တရားခွင်တက်ရောက်တဲ့ ကိုပါကြီးရဲ့ဇနီး ဒေါ်သန္တာက “ဒီကနေ့ အမိန့်ချပါတယ်။ ဓမ္မတာအတိုင်းသေတာ မဟုတ်ဘူးပေါ့နော်။ လူတဦးရဲ့ ပယောဂကြောင့်၊ သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားတာ မှန်ပါတယ်ဆိုတာကို အမိန့်ချလိုက်ပါတယ်။” လို့ ပြောပါတယ်။
ဒီသေဆုံးမှုကို တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရှေ့နေနဲ့တိုင်ပင်ပြီး ဥပဒေဘောင်အတွင်းက ဆက်လက်ကြိုးစားမယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ရုံးထုတ်မှာ တရားသူကြီးရဲ့ ဆင့်ခေါ်ချက်အရ တပ်မတော်သား ၁၁ ဦးက  သက်သေအနေနဲ့ လာရောက်စစ်ဆေးခံခဲ့တယ်လို့ ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။
“ဟုတ်ကဲ့ တရားသူကြီး ဆင့်ခေါ်စာနဲ့ ၂ ယောက်ပေါ့နော်။ စစ်ခုံရုံးက တရားသေ လွှတ်ထား တယ်ဆိုတဲ့ တပ်သား နိုင်လင်းထွန်းနဲ့ ဒု-တပ်ကြပ်ကျော်ကျော်အောင်၊ တပ်စုမှုးဗိုလ်ရဲထွတ် တပ်ခွဲမှုး ဗိုလ်ကြီးလူဇော်တို့ သက်သေအစစ်ခံခဲ့တယ်။ သူတို့ ထွက်ဆိုချက်မှာ တယောက်နဲ့တယောက်ကွာဟမှုတွေ၊ မညီမျှမှုတွေ၊ ရှေ့နောက်မညီမှုတွေ အများကြီးတွေ့လာရတယ်။”
ကိုပါကြီးကို ပစ်ခတ်တဲ့ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၂၁၀ က တပ်သားနိုင်လင်းထွန်း၊ ဒု-တပ်ကြပ်ကျော်ကျော်အောင်တို့ကို စစ်ဘက်တရားရုံးက မေလ ၈ ရက်နေ့က တရားသေ လွှတ်မိန့်ချမှတ်ခဲ့ပါတယ်။  စစ်မှုထမ်းနေချိန် ဖြစ်ပွားခဲ့တာမို့ စစ်တရားရုံးနဲ့ပဲ စစ်သင့်တယ်ဆိုပြီး  စစ်ဆေးပြီး တရားသေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုပါကြီးဟာ မနှစ် စက်တင်ဘာလကုန်ပိုင်းက ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
ကိုအောင်နိုင် ခေါ် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး  လူ့အခွင့်အရေးကော်မရှင်က စုံစမ်းတွေ့ရှိချက်အစီရင်ခံစာမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာကို  အတည်ပြုခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template