ဇွန်လ ၂၁ ရက်နေ့က ဂျာမနီနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ဂျယ်ရီ ၀က်ဘာ
အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရော်ဂျာ ဖက်ဒရာက အန်ဒရပ်စ
ဆပ်ပီကို အနိုင်ရသွားပါတယ်။
အခုပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် လာမယ့် ၀င်ဘယ်ဒန်အိုးပန်းပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ပွဲလည်း ဖြစ်ပါတယ်။
ပထမပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အဆုံးအဖြတ် Tie Break
အရောက်မှာ ကမ္ဘာ့နံပါတ် ၂ ဖြစ်တဲ့ ဖက်ဒရာက ၇ – ၁ နဲ့ အနိုင်ရသွားတာပါ။
ဖက်ဒရာဟာ ဂျယ်ရီ ၀က်ဘာ ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။
သူတို့နှစ်ယောက် ဒီနှစ်အစ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဆုံဖူးထားပြီး တတိယအဆင့်မှာ ဆပ်ပီက ဖက်ဒရာကို အနိုင်ယူထားပါတယ်။
ဒုတိယပွဲမှာလည်း အီတလီနိုင်ငံသား ဆပ်ပီ အနေနဲ့ ဖက်ဒရာရဲ့
လက်ပြန်ရိုက်ချက်တွေနဲ့ အကွက်ချ ရိုက်ချက်တွေကို မယှဉ်နိုင်လို့ ဖက်ဒရာက
၆ – ၄ နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။
အသက် ၃၃ နှစ်အရွယ် ဖက်ဒရာအတွက်တော့ ဂျယ်ရီ ၀က်ဘာ ချန်ပီယံဆုဟာ ဒီနှစ်ထဲမှာ ၄ ကြိမ်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
DVB