Headlines News :
Home » » ပါကစ္စတန် အပူလှိုင်းကြောင့် သေသူ ၇၀၀ နီးပါး ရှိပြီ

ပါကစ္စတန် အပူလှိုင်းကြောင့် သေသူ ၇၀၀ နီးပါး ရှိပြီ

Written By Live100 on Tuesday, June 23, 2015 | 9:08 PM



ပါကစ္စတန် နိုင်ငံမှာ အပူလှိုင်း ဒဏ်ကြောင့် တောင်ပိုင်း ဆင်းဒ်ပြည်နယ် အတွင်း သေဆုံးသူ ၇၀၀ နီးပါး အထိ ရှိခဲ့ပြီးနောက် အရေးပေါ် ဆောင်ရွက်မှုတွေ လုပ်ဖို့ ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က တောင်းဆိုလိုက်ပါတယ်။

သေဆုံးသူ အများစုဟာ ဝင်ငွေ နည်းပါးတဲ့ မိသားစုတွေက သက်ကြီးပိုင်းတွေ ဖြစ်ကြပြီး အများစုက ကရာချိ မြို့သားတွေ ဖြစ်တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အဲဒီ ကရာချိ မြို့မှာ အခု ရက်ပိုင်း အတွင်း အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် (၁၁၃ ဒီဂရီ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ပါတယ်။


ပါကစ္စတန်ရဲ့ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံရေး အဖွဲ့ကတော့ အပူလျှပ်တဲ့ လူနာတွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး စခန်းတွေကို စစ်တပ်ရဲ့ အကူအညီနဲ့ ဖွင့်လှစ်နေပါတယ်။

ပါကစ္စတန်မှာ အပူချိန် မြင့်မားမှုက ထုံးစံ ဖြစ်ပေမယ့် မူဆလင် ဥပုသ်လ ဖြစ်တဲ့ အခု ကာလအတွင်း လျှပ်စစ်အား ပြတ်တောက်မှုတွေက အခြေအနေကို ပိုမို ဆိုးရွားသွားစေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

BBC Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template