ဇွန်လ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အခြေခံ ဖွဲ့စည်းပုံပြင်ဆင်ရေး
ပုဒ်မ ၄၃၆(က) နဲ့ ပတ်သက်လို့ ဆွေးနွေးနေရာမှာ စစ်တပ်ပြည်သူ
့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်တင်စန်းနိုင်က ဖွဲ့ စည်းပုံအခြေခံဥပဒေ
အခန်း ( ၁၂ ) ပုဒ်မ ၄၃၆ ( က ) နဲ့ ( ခ ) ကို မူလအတိုင်းသာ ထားသင့်ကြောင်း
ဆွေးနွေးသွားခဲ့ပါတယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေနဲ့ နိုင်ငံရေးစနစ်ဟောင်းတစ်ခုမှ
ဒီမိုကရေစီစနစ်သို့ အသွင်း ကူးပြောင်းဆဲ ကာလအတွင်း နိုင်ငံတော်
တည်ငြိမ်အေးချမ်းရေးလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွါးအတွက် ဒီမိုကရေစီ
အလေ့အကျင့်များ မရင့်ကျက်သေးတဲ့အချိန် ဒီမိုကရေစီသက်တမ်း နုနယ်သေးတဲ့အချိန်
ဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ( က )
နဲ့ ( ခ ) ပါ ရာခိုင်နှုန်းများ ကို ပြင်ဆင်ရန် မသင့်ပဲ မူလအတိုင်းသာ
ထားရှိသင့်ကြောင်း ဗိုလ်မှူးချုပ်တင်စန်းနိုင် ဆွေးနွေးသွားခဲ့ပါတယ်။
BBC Burmese