Headlines News :
Home » , » U14 မြန်မာအမျိုးသမီးအသင်း လာအိုကို ၄-၁ ဂိုးဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်

U14 မြန်မာအမျိုးသမီးအသင်း လာအိုကို ၄-၁ ဂိုးဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်

Written By Live100 on Wednesday, June 24, 2015 | 8:47 PM


ဗီယက်နမ်မှာ ကစားနေတဲ့ အာရှဒေသတွင်း အမျိုးသမီးယူ ၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ အာဆီယံဇုန် အုပ်စု (က) ရဲ့  ဒုတိယပွဲစဉ်မှာ မြန်မာအမျိုးသမီးယူ ၁၄ အသင်းက လာအို အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
အခု ပွဲစဉ်ကို ဇွန်လ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာအမျိုးသမီး လူငယ်အသင်းဟာ ဇွန်လ ၂၃ ရက်နေ့က အုပ်စုအဖွင့်ပွဲမှာ ကမ္ဘောဒီးယားအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
အုပ်စု (က) မှာ ပါဝင်နေတဲ့ မြန်မာအမျိုးသမီးယူ ၁၄ အသင်းဟာ အုပ်စုတွင်းမှာ လောလောဆယ် ၂ ပွဲကစား ၆ မှတ်နဲ့ ထိုင်းယူ ၁၄ အသင်းနဲ့ အမှတ်ခြင်းတူပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
မြန်မာယူ ၁၄ အသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ ဇွန်လ ၂၅ ရက်နေ့  မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ ယှဉ်ပြိုင်ရမှာပါ။
အာဆီယံဇုန်က အမျိုးသမီးယူ ၁၄ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဇွန်လ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဆီယံဇုန်မှာ အုပ်စု (က) နှင့် (ခ) နှစ်အုပ်စု ရှိပြီး အုပ်စု (က) မှာ  မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ ပါဝင်ပါတယ်။ တဖက် အုပ်စု (ခ) မှာ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template