ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြနေစဉ်(ဓာတ်ပုံ-Thura U Shwe Mann Facebook) |
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွား အတွက်ကိုသာ အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော်၌ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက် များအား သက်ဆိုင်ရာ ပုဂ္ဂိုလ်များသို့ ရှင်းလင်း တင်ပြရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယနေ့အချိန်အခါနှင့်အခြေအနေသည် မိမိအကျိုး ၊ မိမိပါတီအဖွဲ့အစည်း အကျိုးစီးပွားထက် နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ဆောင်ရွက်ရမည့် အချိန် ဖြစ်ကြောင်း ထို့ အတွက် အားလုံးပါဝင်ပေးကြပါရန် ၊ အကြံဥာဏ်နှင့် အကူအညီများပေးကြပါရန် ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြနေစဉ်(ဓာတ်ပုံ-Thura U Shwe Mann Facebook) |
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ရာတွင် ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ဥက္ကဋ္ဌ ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကော်မရှင် အဖွဲ့ ဝင်များ တတ်ရောက်ခဲ့ကြောင်း သိရသည်။
(Xinhua)