သြစတြေးလျနိုင်ငံတွင်းကို ဒေါ်လာ သန်း ၁၀၀၀ နီးပါးတန်ဖိုးရှိ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး အရည်တွေကို အမျိုးသမီးဝတ် ဘရာဇီယာတွေထဲမှာ ထည့်သွင်းသယ်ဆောင်လာတဲ့ တရုတ်နိုင်ငံသား ၁ ဦးနဲ့ ဟောင်ကောင်နိုင်ငံသား ၂ ဦးဟာ တသက်တကျွန်းပြစ်ဒဏ် ကျခံရဖွယ်ရှိတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူတို့ဟာ မက်သဖက်တမင်းခေါ် အိုက်စ်အမည်ရတဲ့ စိတ်ကြွမူးယစ်ဆေးအရည် ၇၂၀ လီတာကို အမျိုးသမီးဝတ် ဘရာဇီယာအတွင်းမှာ ထည့်သွင်းပြီး ဟောင်ကောင်ကနေ သင်္ဘောနဲ့ တင်သွင်းလာခဲ့ကြတာပါ။
ဒါဟာ သြစတြေးလျနိုင်ငံရဲ့ သမိုင်းတလျှောက် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်ပြီး နိုင်ငံသား ၃ ဒသမ ၆ သန်းကို ရိုက်ခတ်စေတယ်လို့ တရားရေးဝန်ကြီး မိုက်ကယ်ကီနန်က ဆိုပါတယ်။
သြစတြေးလျ ဗဟိုရဲဌာနမှ ခရစ္စရှီလန်က ဌာနအနေနဲ့ အပြည်ပြည်ဆိုင်ရာ မက်သဖက်တမင်း တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။
DVB