Headlines News :
Home » » ပြည်နယ်ဝန်ကြီးချုပ်နေရာ အနိုင်ရ တိုင်းရင်းသားပါတီများကို မပေးရင် ငြိမ်းချမ်းရေးကိစ္စအပါအဝင် ပြသနာရှိလာနိုင်ဟု ဦးခွန်ထွန်းဦးပြော

ပြည်နယ်ဝန်ကြီးချုပ်နေရာ အနိုင်ရ တိုင်းရင်းသားပါတီများကို မပေးရင် ငြိမ်းချမ်းရေးကိစ္စအပါအဝင် ပြသနာရှိလာနိုင်ဟု ဦးခွန်ထွန်းဦးပြော

Written By Live100 on Monday, February 15, 2016 | 10:02 PM

ပြည်နယ်ဝန်ကြီးချုပ်ရာထူးနေရာအား အနိုင်ရတိုင်းရင်းသားပါတီများကို မပေးပါက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ကိစ္စ အပါဝင် ပြဿနာရပ်များ အနည်းငယ် ရှိနိုင်ကြောင်း သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောသည် ။



သျှမ်းနဲ့ ရခိုင်မှာက ကျနော်တို့ သျှမ်းအပါဝင် တိုင်းရင်းသားပါတီတွေ က နိုင်တယ် ။ ဒါပေမဲ့ အခြေခံ ဥပဒေ အရ ဒီလိုဖြစ်တဲ့အခါမှာတော့ ၀န်ကြီးချုပ် ကအစ သမ္မတက ခန့်မယ်ဆိုတော့ ကျနော်တို့ သျှမ်းသည် လည်း ကောင်း ရခိုင်သည် လည်းကောင်း သူ့ရဲ့နိုင်ထားတဲ့ နယ်မြေကနေ အစိုးရ လုပ်ရ မလား မလုပ်ရဘူး လားဆိုတာ ကျနော်တော့ မသိရသေး ဘူး ။ ပြည်နယ် ၂ ခုမှာ သက်ဆိုင်ရာနိုင်တဲ့ ပါတီတွေက ပြန်မအုပ်ချုပ်ရ ရင်တော့ ပြသနာ အနည်းငယ်ရှိလာနိုင်တယ်လို့ ကျနော်ထင်တယ် - ဟု သျှမ်းတိုင်း ရင်း သား ခေါင်းဆောင်ဦး ခွန်ထွန်းဦးက ပြောသည် ။


ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အရ ရခိုင် နှင့် သျှမ်းတိုင်းရင်း သားပါတီ တို့မှာ တိုင်းရင်းသား ပါတီများအနက် သက်ဆိုင်ရာ ဒေသ များတွင် နေရာ ၄၀ နှင့် ၄၀ အထက် အနိုင်ရရှိခဲ့သည့် ပါတီများ ဖြစ်နေပြီး ရခိုင်အမျိုးသားပါတီမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ ရာထူးများ ရရှိရန် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကို လတ်တလော တွင်တောင်းဆိုထားသည် ။


ယင်းအပြင် တိုင်းရင်းပါတီများအနက် ပြည်နယ်အတွင်း နေရာအများစု အနိုင်ရရှိထားသော ရခိုင်အမျိုးသား ပါတီက အန်အယ်လ်ဒီ အနေဖြင့်ေ ဆွးနွေး မှုများ မပြုလုပ်ပါက အတိုက်အခံအဖြစ် ရပ်တည်သွား မည် ဟု ကြေငြာ ထားပြီး ရခိုင်ပြည်နယ်အတွင်း ပြဿနာများစွာ ရှိနေသည့်အတွက် ရခိုင်ပြည်နယ်ကို စီမံခွင့် ရရှိလိုခြင်း ဖြစ်သည်ဟု ရခိုင်အမျိုးသား ပါတီ က ကြေငြာချက် ထုတ်ပြန်ထားသည် ။


ယင်းအပြင် အန်အယ်လ်ဒီနှင့် တပ်မတော်တို့ ဆွေးနွေးနေရာတွင် ရခိုင် ၊ သျှမ်း ၊ ကချင် ပြည်နယ်သုံးပြည်နယ်နှင့် တိုင်းတတိုင်းတို့အား တပ်မတော် သို့ ပေးရမည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေခဲ့ပြီး အန်အယ်လ်ဒီအနေဖြင့် ယခင်မိတ်ဘက်ပါတီများဖြစ်ခဲ့သည့် ရွေးကောက်ပွဲအနိုင်ရ သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် ကဲ့သို့သော ပါတီများနှင့်လည်း ယခုအချိန် အထိ ဆွေးနွေးမှုများ မပြုလုပ်ပေ ။


“ တိုင်းနှင့်ပြည်နယ်တွေမှာ ၀န်ကြီးချုပ်ကို သမ္မတက ခန့်မယ် ။ ခန့်မဲ့နေရာမှာ သူ့လူပဲ သူခန့်မှာပေါ့ဗျာ ။ ဒီကိစ္စက ကျားသနားမှ နွားချမ်းသာမဲ့ ကိစ္စဖြစ်နေ တယ် ။ ဘာပဲဖြစ်နေဖြစ်နေ ဘယ်မှာ သွားရောင်ပြန်ဟပ်မလဲဆိုရင် လက်နက် ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်း အသီးသီးမှာ သွားရောင်ပြန်ဟပ်မှာပဲ ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရတက်လာတယ် တပြည်နယ်မှာ နိုင်တဲ့ တိုင်းရင်း သားတွေမအုပ်ချုပ်ရဘူး ။ ပြည်နယ်နဲ့ တိုင်း၁၄ ခုလုံးမှာ နိုင်တဲ့ပါတီကြီး တခုက အုပ်ချုပ်မယ်ဆိုတာ အခြေခံ ဥပဒေအရတော့ဟုတ်တယ် ။ ဒါပေမဲ့ တိုင်းရင်းသား တွေက ဒါမျိုးကို ဘယ်လိုမြင်မလဲ ။ သံသယစိတ်က ပိုကြီး ထွားမလား ။ ကြီးမထွားဘူးလားဆိုတာကတော့စဉ်းစားသင့်တယ်။ ဘာလို့လဲဆိုရင် တိုင်းရင်းသားတွေတိုက်နေတာက ဒီအခွင့်ရေးကြောင့်ပဲ ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးချင်တယ် ။ အဲဒါတွေကြောင့် ။ ဒါကလည်း ကျနော် တို့က အလကားတောင်းနေတာ မဟုတ်ဘူး ။ ပင်လုံစာချုပ် ပင်လုံသဘော တူညီချက်နဲ့ ကျနော်တို့က ပြောနေတာပါ ။ ပင်လုံကတိကဝတ်တွေ သတိရဖို့ ပင်လုံစာချုပ်မှာပါတဲ့အတိုင်း လုပ်ဆောင်ကြဖို့ အမြဲတမ်းတောင်းဆိုခဲ့ တာဖြစ်ပြီး မရတဲ့အတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေက ရှိနေခဲ့တာပါ’’ - ဟု ဦးခွန်ထွန်းဦးက ပြောသည် ။


အန်အယ်လ်ဒီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေး မှုမပြုသေးသော်လည်း ယခင်မိတ်ဘက်ဟောင်း တဦးဖြစ်သည့် ရခိုင်အမျိုးသား ပါတီမှ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုဥက္ကဌ အဖြစ် NLD မှဦးဆောင်သော လွတ်တော်တွင် ရာထူးပေးထားပါသည် ။


NLD မှ ဦးခွန်ထွန်းဦးကို တစုံတရာ ကမ်းလှမ်းမှုများရှိထားပါသလား ဆိုသည့် မေးခွန်းကိုမူ -


"ကမ်းလှမ်းချက်ကိုတော့ ကျနော်မပြောပါရစေနဲ့နော် ။ ဘာလို့လဲဆိုတော့ သူတို့ ဘယ်လိုလုပ် ထားတယ် ဆိုတာ ကျနော်သိပ်မပြောချင်သေးဘူး ။ ဒါပေမဲ့ ကျနော်တို့နဲ့ တွေ့ပြီး ဘာတွေလုပ်ကြမယ်ဆိုတာတော့ မတွေ့ဖြစ်ကြသေးဘူး ။ သူတို့မှာလည်း အခက်ခဲရှိတယ်ထင်တယ် ။ သူပြောတာကတော့ တိုင်းရင်း သားတွေနဲ့ ပြန်လည် ရင်ကြားစေ့ရေး ဆိုပြီး လက်ကိုင်ထား ကာ ဆောင် ရွက်နေတဲ့ သဘောရှိတယ် ။" ဟုသာ ဦးခွန်ထွန်းဦးက ဖြေဆိုခဲ့ပါသည် ။


NLD ပါတီမှ လာမည့်မတ်ခ်ျ ၁၇ ရက်နေ့တွင် သမ္မတလောင်းများ၏ အမည် စာရင်းများတင်သွင်းသွားမည်ဖြစ်ပြီး အခြေခံဥပဒေအရ ပြည်နယ် နှင့် တိုင်းဝန်ကြီးချုပ်များမှာ သမ္မတ မှခန့်အပ်ခွင့်ရှိနေခြင်းဖြစ်သည် ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template