Headlines News :
Home » » ချစ်သူများနေ့ကို ပါကစ္စတန် သမ္မတ ရှုတ်ချ

ချစ်သူများနေ့ကို ပါကစ္စတန် သမ္မတ ရှုတ်ချ

Written By Live100 on Sunday, February 14, 2016 | 9:29 PM


ပါကစ္စတန် ယဉ်ကျေးမှုနဲ့ ဆက်စပ်ခြင်းမရှိသလို ရှောင်ကြဉ်သင့်တဲ့ ပွဲတခုအဖြစ် ပါကစ္စတန် သမ္မတက ချစ်သူများနေ့ကို ရှုတ်ချလိုက်ပါတယ်။
ဒီယဉ်ကျေးမှုဟာ အနောက်တိုင်း ယဉ်ကျေးမှု ဖြစ်သလို မွတ်စလင် ယဉ်ကျေးမှုနဲ့ ပဋိပက္ခဖြစ်နေတယ်လို့ သမ္မတ မာနွန်ဟူစိန်က ကျောင်းသားတွေကို ပြောပါတယ်။
ပါကစ္စတန် အနောက်မြောက်ပိုင်း ကိုဟတ်ခရိုင်မှာ ချစ်သူများနေ့ ဆင်နွှဲတာကို ဖေဖော်ဝါရီ ၁၁ ရက်က တားမြစ်ပိတ်ပင်ခဲ့ပြီးတဲ့နောက် အခုလို မှတ်ချက်ပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။
ခရိုင်တာဝန်ရှိသူတွေက ချစ်သူများနေ့ လက်ဆောင်နဲ့ အထိမ်းအမှတ်ကတ်တွေ ရောင်းချတာကို တားမြစ်ခဲ့ပါတယ်။
ကိုဟတ်ခရိုင်ကို ဘာသာရေးနွယ်တဲ့ နိုင်ငံရေး ပါတီက ထိန်းချုပ်ထားဖြစ်ပါတယ်။ ဒါအပြင် အသုံးမ၀င်တဲ့ နေရာက်တွေမှာ ပျော်ပွဲရွှင်ပွဲဆင်နွဲတာကို တားမြစ်ဖို့လည်း ပတ်ရှဝါဒေသခံ ကောင်စီက ဆုံးဖြတ်ချက်ချမှတ်ထားပါတယ်။
ပါကစ္စတန်မှာ ချစ်သူများနေ့ကရေပန်းစားပေမယ့် ဘာသာရေးအဖွဲ့တွေကတော့ ရှုတ်ချထားပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ရှေးရိုးဆန်တဲ့ ဟိန္ဒူ တွေက ချစ်သူများနေ့ကို အိန္ဒိယ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်မှုတွေ ရှိနေပါတယ်။
ီDVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template