Headlines News :
Home » » ထားဝယ်သင်္ကြန်အတွက် ဟိုတယ်အချို့ အခန်းပြည့်လုနီး

ထားဝယ်သင်္ကြန်အတွက် ဟိုတယ်အချို့ အခန်းပြည့်လုနီး

Written By Live100 on Sunday, February 14, 2016 | 9:21 PM





ထားဝယ်ဒေသတွင် ယခုတစ်လော ခရီးသွားများအသွားများလာသော ကျွန်းခရီးစဉ်တစ်ခုသို့ ဧည့်သည်များ လည်ပတ်စဉ်-ဓာတ်ပုံ - Dawei Watch

ထားဝယ်၊ ဖေဖော်ဝါရီ ၁၄
ထားဝယ်သင်္ကြန်အတွက် ဟိုတယ်အချို့တွင် အခန်းကြိုတင်မှာယူမှု (ဘွတ်ကင်) ပြည့်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ဟိုတယ်အချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက သင်္ကြန်ကာလအတွက် အခန်းကြိုတင် ငှားရမ်းမှုများရှိခဲ့သော်လည်း ဖေဖော်ဝါရီလ ပထမအပတ်တွင်မှ စတင်လက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ရက်အထိ အခန်း ၆၀ ခန့် ကြိုတင်ငှားရမ်းထားကြသည်ဟု ပန်းဥယျာဉ်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အကုန်လုံးကတော့ ပြည်တွင်းခရီးသွားတွေချည်းပဲ” ဟု ပန်းဥယျာဉ်ဟိုတယ်မှ အဆိုပါတာဝန်ရှိသူက ပြောသည်။
သင်္ကြန်ကာလအတွက် အခန်းကြိုတင်ငှားရမ်းမှုမှ နှစ်တိုင်းနီးပါး မြင့်တက်လေ့ရှိပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အခန်းပေါင်း ၅၀ ခန့်အား ကြိုတင်ငှားရမ်းထားကြကြောင်း    Golden Guest ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဟိုတယ်အချို့ကမူ သင်္ကြန်ကာလအတွက် ကြိုတင်အခန်းငှားရမ်းမှုကို လက်မခံသေးကြောင်း သိရသည်။
ထားဝယ်ဒေသသို့ သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်သူ များပြားပြီး လက်ရှိအချိန်ကတည်းကပင် ရှင်ကိုးရှင် ဘုရားဖူးအဖွဲ့များ ယခင်နှစ်ထက် အခေါက်ရေ ခပ်စိပ်စိပ် လာရောက်ခဲ့ကြသည်ဟု ထားဝယ်မြို့ရှိ သည်းဦးပန်း တည်းခိုခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လမ်းပန်းဆက်သွယ်ရေး ကောင်းလာတာလည်း ပါမယ်ထင်တယ်” ဟု သည်းဦးပန်းတည်းခိုခန်းမှ အဆိုပါ တာဝန်ရှိသူက ပြောသည်။
သင်္ကြန်ကာလအတွက်မူ နှစ်တိုင်းငှားရမ်းနေကျဖြစ်သည့် ပြည်တွင်းဘုရားဖူး ပို့ဆောင်းရေးအဖွဲ့တစ်ဖွဲ့က အခန်းအားလုံးနီးပါးကြိုတင်ငှားရမ်းပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။
ထားဝယ်ဒေသတွင် ဟိုတယ် ၉လုံး၊ အခန်းပေါင်း ၃၀၀ ကျော်နှင့် တည်းခိုခန်း ၃၀ ကျော် ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
|Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template