Headlines News :
Home » » ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား

ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား

Written By လွင့်မောင်မောင် on Thursday, May 10, 2012 | 10:21 PM



တိမ်းမှောက်သွားတဲ့ကားမှ အမှတ်တံဆိပ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီနယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီလမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွားခဲ့သည်ဟုသတင်းရရှိသည်။ ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ်
သည်။ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလ
မ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာတိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင်ပြုတ်ကျသွားသည်ဟု သိရသည်။“ကားကျတာနှင့်တစ်ပြိုက်နက်
မီးတွေထလောင်တယ်၊ပေါက်ကွဲသံတွေလည်းကြားရတယ်၊ကားမောင်းတဲ့သူကငယ်ငယ်လေးပဲရှိသေးတယ်။အသက် ၂၅ နှစ်အရက်စော်နံနေတယ်လို့လည်းသိရတယ်။ယာဉ်မောင်းသူ က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။
  ည ၁၀ နာရီ ၅၅ မိနစ် မှာမီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းသတ်လိုက်
တယ်” ဟုမျက်မြင်သက်သေတစ်ဦး ကပြောပြသည်။ ထိုကဲ့သို့မော်တော်
ယာဉ်တိမ်းမှောက်မီးလောင်မှုသည် ယခင်ကဖြစ်ပွားခဲ့သော်လည်း ပြိုင်ကား
တိမ်းမှောက် မီးလောင်မှု မှာမရှိခဲ့ဘူးသေးကြောင်းသတင်းရရှိသည်။
Popular Myanmar News Journal 
တိမ်းမှောက်သွားတဲ့ ပြိုင်းကား (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template