Headlines News :
Home » » ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေပြဋ္ဌာန်းချက် ပေါ်ထွက်လာပြီးနောက်ပိုင်း ပုဂ္ဂလိကကျောင်းများ၌ ကျောင်းအပ်နှံရန် မိဘများ စိတ်ဝင်စားမှု ပိုမိုလာ

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေပြဋ္ဌာန်းချက် ပေါ်ထွက်လာပြီးနောက်ပိုင်း ပုဂ္ဂလိကကျောင်းများ၌ ကျောင်းအပ်နှံရန် မိဘများ စိတ်ဝင်စားမှု ပိုမိုလာ

Written By လွင့်မောင်မောင် on Thursday, May 10, 2012 | 12:33 AM

Wednesday, 09 May 2012 14:08

562
ကျောင်းအပ်နှံရန်အတွက် မေးမြန်းစုံစမ်းနေကြစဉ်
လာမည့် စာသင်နှစ်ကျောင်းဖွင့် ရာသီဖြစ်သည့် ၂၀၁၂-၁၃ပညာသင် နှစ်၌ ပုဂ္ဂလိကကျောင်းများတွင် ကျောင်းအပ်နှံရန် မိဘများစိတ်ဝင်စားမှု ပိုမိုလာသည်ဟု သိရသည်။
ပုဂ္ဂလိကကျောင်းများ၏သင်ရိုး နှင့် အခြေခံ သတ်မှတ်ချက်များမှာ အစိုးရကျောင်းများနှင့်တန်းတူဖြစ် ခြင်း၊ လူထုလူတန်းစားအသီးသီး တက်ရောက်သင်ကြားနိုင်သည့် နှုန်း ထားများရှိခြင်းတို့ကြောင့် နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ကိုယ်ပိုင် ကျောင်းမှတ်ပုံတင်ဥပဒေပြဋ္ဌာန်းချက် ပေါ်ထွက်ပြီးနောက်ပိုင်းမှ စတင်၍ ပိုမိုစိတ်ဝင်စားခဲ့သည်ဟု သိရသည်။

“ပုဂ္ဂလိကကျောင်းတွေမှာ မူလ တန်းကနေတက္ကသိုလ်ဝင်တန်းအထိ သင်ခွင့်ရှိတဲ့အတွက်ကျောင်းပြောင်း ကျောင်းလွှဲတွေအတွက်လည်းအလုပ် မရှုပ်တော့ဘူး။ ပြီးတော့အစိုးရ ကျောင်းတွေ၊ ကျူရှင်တွေကိုလည်းထပ် တက်ဖို့မလိုဘူး။ ပုဂ္ဂလိကကျောင်း က ထုတ်ပေးတဲ့အောင်လက်မှတ်နဲ့ အစိုးရကျောင်းကထုတ်ပေးတဲ့အောင် လက်မှတ် အဆင့်အတန်းချင်းလည်း တူတယ်။ ပြီးတော့ အလွယ်တကူ ကျောင်းပြောင်းအပ်နိုင်တယ်ဆိုတဲ့ အချက်နဲ့ကျောင်းစရိတ်ထက် ကျူရှင်စရိတ်က လက်တွေ့မှာ ကုန်ကျစရိတ်ပိုများနေတဲ့ အနေအထားမှာ ကျူရှင်ထပ်တက်စရာ မလိုဘူးဆိုတဲ့ အချက်ကို စိတ်ဝင်စားမှု အရှိဆုံးပါပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောပြခဲ့ပါသည်။
“ကျွန်မကတော့ ကလေးကို ပုဂ္ဂလိကကျောင်းမှာ အခုလာမယ့် စာသင်နှစ်ကစပြီး ထားဖို့စိတ်ကူးထားပါတယ်။ ဒါပေမဲ့ သင်ကြားမှုပိုင်းဆိုင်ရာကိုလည်း စမ်းသပ်ကြည့်ချင်ပါတယ်။ ဒါကြောင့် ကျောင်းမပြောင်းခင် လေ့လာတဲ့အနေနဲ့ စာသင်နှစ်မတိုင်မီမှာ အကြိုဖွင့်လှစ်တဲ့ နွေရာသီ သုံးလသင်တန်းကို စမ်းအပ်ထားပါတယ်”ဟု မြောက်ဒဂုံမြို့နယ်ရှိ ကျောင်းသား မိဘတစ်ဦးက ပြောပြခဲ့ပါသည်။
ပုဂ္ဂလိကကျောင်းများ၌ သင်ရိုးနှင့် အခြေခံ သတ်မှတ်ချက်များသည် အစိုးရ ကျောင်းများနှင့်တန်းတူ ဖြစ်သော်လည်း အပိုဆောင်းပြီး သင်ကြားလိုသည့် ဘာသာရပ်များရှိပါက သက်ဆိုင်ရာသို့ တင်ပြ၍ ခွင့်ပြုချက်ရယူ သင်ကြားနိုင်သည်ဖြစ်ရာ ပုဂ္ဂလိကကျောင်း အချို့တွင် အင်္ဂလိပ်စာ(4-Skills)၊ ကွန်ပျူတာ၊ ဂီတ၊ ပန်းချီ၊ အားကစားအမျိုးမျိုး စသဖြင့် သင်ကြားမှုများရှိကြောင်း သိရှိရသည်။
“ကလေးတွေဟာ ဘက်စုံမှာ ထူးချွန်နေအောင်လို့ ကျောင်းစာသင်ရိုး အပြင် အပိုဆောင်းသင်ကြားပေးတာ တွေရှိပါတယ်။ အပိုဆောင်း သင်ကြားပေးတဲ့ ဘာသာရပ်တွေကိုလည်း တတ်ကျွမ်းမှုအဆင့် သတ်မှတ်ချက် အလိုက် Certificate ထုတ်ပေးတဲ့ အစီအစဉ်တွေရှိပါတယ်။ ပုဂ္ဂလိကကျောင်း ဆိုပေမယ့်လည်း သင်ကြား ရေးမှာ မိဘတွေစွက်ဖက်ခွင့် လုံးဝမရှိပါဘူး။ သင်ကြားမှုပုံစံကိုတော့ ကျောင်းသားခြောက်ယောက်ကို ဆရာ တစ်ယောက်နှုန်း အချိုးကျဖြစ်အောင် စံချိန်ကို ထိန်းထားပါတယ်” ဟု ရွှေပင်ရွှေသီး ပုဂ္ဂလိက အထက်တန်း ကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးက ဆိုသည်။
ကျောင်းဝတ်စုံ သတ်မှတ်ချက်များနှင့် ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ၀တ်စားဆင်ယင် မှုမျိုးမှလွဲ၍ ကျောင်းအလိုက်နှစ်သက်ရာ အရောင်များကို ရွေးချယ်ဝတ်ဆင်ခွင့်ရှိကြောင်း သိရသည်။
“တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးတဲ့အချိန်ကစပြီး ကျောင်းအပ်လက်ခံခဲ့တာပါ။ အခြေခံပညာ စာမေးပွဲ အောင်စာရင်းတွေ ထွက်ပြီးတဲ့အချိန်ကစပြီး လက်ခံလာခဲ့တာပါ”ဟု သင်္ချာ ဦးသန်းစိန် ပုဂ္ဂလိကကျောင်းမှ ဦးသန်းစိန် (သင်္ချာ)က ပြောပြခဲ့ပါသည်။
ပုဂ္ဂလိကကျောင်းများ အနေဖြင့်လည်း အစိုးရကျောင်းများ နည်းတူ လာမည့် စာသင်နှစ်အတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌အီးစီ ပညာရိပ်သာ၊ မဟာမြကျွန်းသာ၊ ဇင်ယော်၊ ပညာနန်းတော်၊ Success၊ ဟယ်ပင်၊ သင်္ချာဦးသန်းစိန်၊ N-3၊ ဂုဏ်ထူးဦးသိန်းနိုင်နှင့် ရွှေပင်ရွှေသီး စသည့် ပုဂ္ဂလိကကျောင်း ၁၀ ကျောင်းရှိ ပြီး လစဉ်ကြေးများမှာ မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ငွေကျပ်နှစ်သောင်းမှ ငါးသောင်းဝန်းကျင် အကြား ရှိကြောင်း သိရသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template