Headlines News :
Home » » ကားတင်သွင်းခွင့် ရရှိနိုင်ရန် လိုအပ်သည့် နိုင်ငံခြားငွေစာရင်း(Bank Account)ဖွင့်ခြင်း အစီအစဉ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်၍ စတင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရ

ကားတင်သွင်းခွင့် ရရှိနိုင်ရန် လိုအပ်သည့် နိုင်ငံခြားငွေစာရင်း(Bank Account)ဖွင့်ခြင်း အစီအစဉ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်၍ စတင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရ

Written By လွင့်မောင်မောင် on Friday, May 11, 2012 | 11:49 PM




Friday, 11 May 2012 10:07
ကားတင်သွင်းခွင့်ရရှိနိုင်ရန် လိုအပ်သည့် နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်ခြင်းအစီအစဉ် ကို ဆောင်ရွက်ပေးနိုင်ရန် ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာနသို့ တင်ပြ ထားဆဲဖြစ်၍ စတင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''အခု ပြောင်းလဲထားတဲ့ မူဝါဒနဲ့အညီ နိုင်ငံခြားကနေ ကားတင်သွင်းနိုင်ဖို့ နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်လှစ်ပေးမယ့် အစီအစဉ်ကို အစိုးရဘဏ် (၂) ခုဖြစ်တဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာနိုင်ငံ ရင်း နှီးမြှပ်နှံမှုဘဏ်မှာ စတင်လက်ခံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံခြားဝင်ငွေရှိတဲ့သူတွေကို ဆောင်ရွက်ပေးတဲ့ Bank Account တွေကိုတော့ ဆောင်ရွက်ပေးနေပါတယ်။ မူဝါဒသစ်ဖြစ်တဲ့ Money Exchange Centre တွေကနေ ဒေါ်လာဝယ်ပြီး  (Bank Account) ဖွင့်တဲ့ စနစ်ကိုတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်ပါတယ်''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ 
မော်တော်ယာဉ်တင်သွင်းခွင့် ရ ရှိစေရန် ဖွင့်လှစ်သည့် နိုင်ငံခြားငွေ စာရင်း (Bank Account) သို့ နိုင်ငံခြားမှ တင်သွင်းမည့် ကားတန်ဖိုး ပမာဏကိုသာ ဒေါ်လာထည့်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေလ၇ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသည့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က'' Bank Account ဖွင့်တာနဲ့ ပါတ်သက်လို့ မိမိတင်သွင်းခြင်တဲ့ ကားကို ပေးချေရမယ့် ပမာဏပဲ Bank Account ထဲကို ထည့်ရ မှာဖြစ်ပါတယ်။ ဥပမာ- မိမိက ၁သောင်းတန်သွင်းမယ်ဆို ၁သောင်းပဲ Bank Account ထဲမှာ ဖြည့်လို့ရပါတယ်။ အစိုးရဘဏ်တင် မဟုတ်ပါဘူး။ နိုင်ငံခြားငွေ ဖော်ဆောင်တဲ့ဘက်တွေမှာလည်း Bank Account ဖွင့်လို့ ရပါတယ်။ အဲဒီလို Bank Account ဖွင့်ပြီးမှသာ သူ့နာမည်နဲ့ စီးပွားကူးသန်းက တင်သွင်းခွင့်လိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

မော်တော်ယာဉ် တင်သွင်းခွင့် ရရှိစေရန် ဖွင့်လှစ်သည့် နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်လှစ်ခြင်းကို မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုဘဏ်များတွင် မြန်မာနိုင်ငံသားဖြစ်ပါက ဖွင့်လှစ်နိုင်ပြီး(Bank Account) သို့ ထည့်သွင်းရမည် ဒေါ်လာကို တရားဝင်ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့တွင်းရှိ Money Exchange Centre များမှ ၀ယ်ယူထည့်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template