Headlines News :
Home » » ငွေဆောင်အုန်းခြံကိစ္စကြောင့် ပွင့်လင်းလူအဖွဲ့အစည်း၏ ပုသိမ်ခရီးစဉ်တွင် ဟောပြောခွင့်မရ

ငွေဆောင်အုန်းခြံကိစ္စကြောင့် ပွင့်လင်းလူအဖွဲ့အစည်း၏ ပုသိမ်ခရီးစဉ်တွင် ဟောပြောခွင့်မရ

Written By လွင့်မောင်မောင် on Saturday, May 12, 2012 | 10:57 PM

ရှုမ၀အောင်(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။

ငွေဆောင်တွင် အုန်းခြံသိမ်းသည့်ကိစ္စအား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက အနှောင်ယှက်ပြုမည်ကို စိုးရိမ်သဖြင့် (၈၈)မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း၏ ပုသိမ်ခရီးစဉ်ဟောပြောပွဲအား ခွင့်ပြုခြင်း မရှိကြောင်း (၈၈)မျိုးဆက်ကျောင်းသားများထံက သိရှိရသည်။

“မနေ့ည ၁၀နာရီခွဲက ကျွန်တော်တို့ လုပ်ထားတဲ့စင်တွေကို ဖျက်ခိုင်းတယ် တိုင်းဒေသကြီးဝန်ကြီး ဦးသိန်းအောင်က ဖျက်ခိုင်းတာ ဆရာတော်ကလဲ ဖျက်ခိုင်းလို့ ကျွန်တော်တို့ ဖျက်ပေးလိုက်တယ်”ဟု ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ အဖွဲ့မှ ကိုအောင်ကျော်က ပြောသည်။
 
ငွေဆောင်တွင် အုန်းခြံများ သိမ်းထားခြင်းကြောင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းက အဆိုပါကိစ္စတွင် အနှောက်ယှက်ဖြစ် မည်ကို စိုးရိမ်သဖြင့် ၄င်းတို့ ဟောပြောပွဲခရီးစဉ်အား  ဖျက်သိမ်းခိုင်းသည်ဟု သုံးသပ် ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုအောင်ကျော်က ဆိုသည်။


“လယ်မြေတွေကို သိမ်းမယ်ဆိုရင် လယ်သမားတွေက ခေတ်ကာလာပေါက်ဈေးနဲ့ လျော်ကြေးလိုချင်တယ် လို့ ကျွန်တော်တို့ကို ပြောတယ်၊ ဒါပေမယ့် မပေးဘူးလို့လည်းသိရတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုနန္ဒာစစ်အောင်က ပြောသည်။

လယ်မြေများ၏တန်ဖိုးသည် သိန်းသောင်းနှင့်ချီ၍ ရှိကြောင်း အားကစားဝန်ကြီးဌာန၀န်ကြီးဦးတင်ဆန်းက   ပြည်မြန်မာ ဂျာနယ်အင်တာဗျူးတွင် လယ်မြေများကို လယ်သမားများ ကျေနပ်မှုမရှိပါကမသိမ်းပါဟု ပြောကြား ထားကြောင်း ဤကဲ့သို့ပြောကြားခြင်းကြောင်း လယ်သမားများကအိမ်ဆောက်ပြီးနေထိုင်ရာတွင် ပိုင်နက် ကျူးလွန်မှူ့နှင့် ဖမ်းချုပ်ထားပြီး အာမခံဖြင့် ပြန်လည်ထုတ်ထားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုနန္ဒာစစ်အောင်ကပြောသည်။
 
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဦးဆောင်၍ ပုသိမ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းသို့   ဟောပြောရန် သွားရောက်နေပြီဖြစ်ကြောင်း မမီးမီးကပြောသည်။
 
“ပထမဆုံးအနေနဲ့ လယ်သမားတွေကို မိမိတို့ကိုယ်ပိုင်လုပ်ပုံလုပ်နည်းတွေသိအောင် ဆွေးနွေး ဟောပြော နေတယ်၊ လယ်သမားတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ပြီးတော့ သမ္မတကြီးဆီအထိ အဆင့်ဆင့် စာတင်သွားဖို့ ဆောင်ရွက်ကူညီမှာပါ” ဟု ၈၈ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူ မမီးမီးကပြောသည်။


အဆိုပါ လူ့အခွင်းရေးဆုံးရှုံးမှူများကို မီဒီယာကနေတဆင့် တစ်ကမ္ဘာလုံးကပြည်သူများ သိရှိနိုင်ရန်နှင့် လူအခွင့်ရေး ဆိုင်ရာဌာနများ   သိရှိရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသူတစ်ဦးဖြစ်သူ မမီးမီးက ဆက်ပြောသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template