Headlines News :
Home » » မွန်ပါတီနှစ်ပါတီ ပူးပေါင်းရေးကို ၂၀၁၄ ခုနှစ် နောက်ဆုံးထားပြီး ဆွေးနွေးသွားမည်

မွန်ပါတီနှစ်ပါတီ ပူးပေါင်းရေးကို ၂၀၁၄ ခုနှစ် နောက်ဆုံးထားပြီး ဆွေးနွေးသွားမည်

Written By လွင့်မောင်မောင် on Thursday, May 10, 2012 | 12:36 AM




Wednesday, 09 May 2012 13:20
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သော မွန်အမျိုးသားဒီမိုကရေစီပါတီနှင့် ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းရေးကို ၂၀၁၄ ခုနှစ် နောက်ဆုံးထားပြီး ဆွေးနွေး သွားမည်ဖြစ်ကြောင်း မွန်အမျိုးသားဒီမိုကရေစီပါတီ၏ ခေါင်းဆောင် ဦးနိုင်ငွေသိန်းက ပြောပါသည်။
''နှစ်ဖွဲ့ပေါင်းပြီး နာမည်သစ်နဲ့ မှတ်ပုံတင်ဖို့ကိုတော့ သူတို့ဘက်က လက်မခံတာရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါတီကိုပဲ နာမည်သစ်နဲ့ မှတ်ပုံတင်ဖို့ လျှောက်ထားပါတယ်'' ဟု ၎င်းက ပြောပါသည်။

လက်ရှိအချိန်တွင် မွန်အမျိုးသားဒီမိုကရေစီပါတီကို မွန်ဒီမိုကရေစီပါတီဖြင့် မှတ်ပုံတင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ မွန်ပါတီနှစ်ပါတီ ပူးပေါင်းရေးအတွက် ဆွေးနွေးမှုများကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှ ယခုနှစ် ဧပြီလအထိ ပြုလုပ်ခဲ့ပြီး ဧပြီလအတွင်း ဆွေးနွေး မှုတွင် ဆုံးဖြတ်ချက်လေးချက် ချမှတ်ထားကြောင်း သိရသည်။ ထိုဆုံးဖြတ်ချက် လေးခုမှာ မွန်အမျိုးသားဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းရေးကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဆောင်ရွက်ရေး၊ မပေါင်းစည်းခင် ကာလအတွင်း ပါတီနှစ်ခု တွေ့ဆုံဆွေးနွေးမှုကို တစ်လတစ်ကြိမ် ပြုလုပ်ရေးနှင့် ပေါင်းစည်းချိန်တွင် အမည်သစ်တစ်ခုဖြင့် ဖွဲ့စည်းရေး အစရှိသည်တို့ ဖြစ်ကြသည်။
မွန်အမျိုးသားဒီမိုကရေစီပါတီကို ၁၉၈၈ ခုနှစ် အောက်တိုဘာအတွင်းက စတင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးနိုင်ငွေသိန်းက ဦးဆောင်ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နေရာ ငါးနေရာ အနိုင်ရရှိခဲ့ပါသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ပြည့်နှစ် ဧပြီလအတွင်း စတင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးနိုင်ငွေသိန်း(မွန်ပြည်နယ် ပညာရေးမှူးဟောင်း)က ဦးဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ နေရာ ၁၆ နေရာ အနိုင်ရရှိခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template