Headlines News :
Home » » သတင်းရေးသူအား ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ရှေ့ နေ လျှောက်လဲချက်ပေး

သတင်းရေးသူအား ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ရှေ့ နေ လျှောက်လဲချက်ပေး

Written By လွင့်မောင်မောင် on Saturday, May 12, 2012 | 7:37 AM



ရန်ကုန်၊ မေ ၁၁

သတ္တုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly တို့၏ စတ္ထုတ အကြိမ်မြောက် ရုံးချိန်းကို ဒဂုံမြို့ နယ် တရားရုံးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပြုလုပ်ခဲ့ရာ သတင်း ရေးသားသူအား စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင်ရှေ့ နေ ဦးသိန်းညွှန့်က လျှောက်လဲချက် ပေးခဲ့သည်။

ဝန်ကြီးဌာန အချို့ ၏ကျပ်သိန်းထောင်ချီ အလွှဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းနှင့် ပတ်သတ်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသားသူ တို့ကိုအသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ The Voice Weekly ၏ အကျိုးဆောင် ရှေ့ နေက ဝန်ကြီးဌာနသည် သတင်း ရေးသားသူအမည်ကို အတိအကျ ဖော်ပြပြီး တရားစွဲဆိုရမည် ဖြစ်ကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ်အရ သတင်းရင်းမြစ်နှင့် သတင်းရေးသားသူတို့ကို ဖော်ထုတ်ခွင့် မရှိကြောင်း သမိုင်းအစဉ်လာများအရလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်နေသည့် အိုးဝေ ဂျာနယ်တွင် ‘ငရဲခွေးကြီး လွတ်နေပြီ’ ဆောင်ပါး ရေးသားသူအား တက္ကသိုလ် အာဏာပိုင် ဗြိတိသျှ လူမျိုးတို့က ဖော်ထုတ်ပေးရန် အယ်ဒီတာကိုအောင်ဆန်းကို ပြောဆိုရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ်အရ မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့် တက္ကသိုလ် အာဏာပိုင်တို့က ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက်ရာ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသား သပိတ်ကြီး အစပြုဖြစ်ပွားရာမှ (၁၃၀၀) ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်ဟု တရားရုံး တရားခွင်၌ လျှောက်ထားခဲ့သည်။

ပြီးနောက် The Voice Weekly ၏ ရှေ့ နေက ဆက်လက်၍ လျှောက်လဲချက် ပေးရာတွင် စာနယ်ဇင်းကျင့်ဝတ် အမှတ်စဉ် ၅ မှာပါတဲ့ "သတင်းစာသမားတို့သည် မိမိကိုယုံကြည်၍ ထုတ်ဖော်ပြောဆိုလိုက်သော သတင်းရင်းမြစ်တို့၏ လုံခြုံရေးကို အလေးထားသောအားဖြင့် အထူးသိပ်သည်းလျှို့ဝှက်ထားရမည်" ဆိုတဲ့ အချက်နဲ့လည်း ထပ်ဆင့်ရှင်းပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ ‘နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးဌာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေပိုင်ခွင့်’ ရှိကြောင်း လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

သတ္ထုတွင်း ဝန်ကြီးဌာန၏ ရှေ့ နေက ငွေကြေးအလွဲသုံးစားပြုသည် ဆိုသော အရေးအသားသည် သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ သတင်းရေးသားသူမှာလည်း တာဝန်ရှိကြောင်း၊သတင်းရေးသားသူ၏ အမည်ကို The Voice Weekly အယ်ဒီတာချုပ်က သိနေပါလျှက်တမင်သက်သက် ထိမ်ချန်ထားပါသဖြင့် ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်း ယခင်တရားခွင် ကဲ့သို့ ပြန်လည် လျှောက်ထားခဲ့သည်။

အဆိုပါ စတုထ္တ အကြိမ် မြောက် တရားခွင်သို့ ပထမအကြိမ် ရုံးချိန်းမှ စ၍ မပျက်မကွက် တက်ရောက် သတင်း ရယူခဲ့သော Eleven Journal၊ Messenger Journal၊ Venus Journal၊ Yangon Times နှင့် နိုင်ငံခြား သတင်းမီဒီယာများမှ သတင်းထောက်များသာမက Myanmar Journalist Association ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ Myanmar Journalist Union ဖြစ်မြောက်ရေး အဖွဲ့ဝင်များပါ တက်ရောက် သတင်းရယူခဲ့သည်ကို တွေ့ရှိရသည်။

သတင်းရေးသားသူအား ဖော်ထုတ်ရန် ကိစ္စနှင့် ပတ်သတ်၍ အပြီးသတ် အမိန့်ကို မေလ ၂၃ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း The Voice Weekly အကျိုးဆောင် ရှေ့ နေကပြောကြားသည်။

 The Voice Weekly

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template