Headlines News :
Home » » ဥတ္တရသီရိအတွင်းက ကျူးကျော်နေအိမ်များအတွက် လူသားချင်းစာနာမှုဖြင့် ဆောင်ရွက်ပေးစေလို

ဥတ္တရသီရိအတွင်းက ကျူးကျော်နေအိမ်များအတွက် လူသားချင်းစာနာမှုဖြင့် ဆောင်ရွက်ပေးစေလို

Written By လွင့်မောင်မောင် on Saturday, May 12, 2012 | 12:10 AM



အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup on 11 May, 2012


နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းက ကျူးကျော်နေအိမ်များအတွက် လူသားချင်း စာနာမှုဖြင့် ဆောင်ရွက်ပေးစေ လိုကြောင်း ဒီချုပ်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ကျွန်တော်ဒေသခံတွေကို မေးကြည်တော့ မြင်ရတာက အခုဖြစ်ပွားတဲ့သူတွေက သူတိုမှာ ဘာပိုင် ဆိုင် ကြောင်းမှတော့ မပြနိုင်တာမရှိဘူး။ ဒါပေမယ့် သူတို့ မိဘဘိုးဘွားတွေကအစ အစဉ် အဆက်နေ လာတဲ့ နယ်ခံဆိုတာတော့ အများအသိပါ။
အခုဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတယ်။ ဆင်းရဲမွဲတေမူ ပပျောက်ရေးတွေ လုပ်နေတယ်ဆိုတော့ ၀ိုင်းဝန်းနည်းလမ်းရှာပြီး ကူညီပေးသင့်တယ်။
 
လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့လည်း စဉ်းစားပေးသင့်တယ်။ မြေလွတ်မြေရိုင်းတွေမှာ သူတို့တွေ အဆင်ပြေအောင်   နေရာချထားပေး နိုင်ဖို့ ကူညီပေးသင့်တယ်”ဟု နေပြည်တော် ဥတ္တရသီရီမြို့နယ် (NLD) ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူကပြောသည်။


နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျူးကျော်နေအိမ်များအား မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေး မှူးရုံးက
ဆက်လက်ဖယ်ရှားခိုင်းခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။




“ဒိုးနွယ်ကွက်သစ်က ၂၀၀၇ လောက် သင့်တင့်တဲ့ အကွက်တွေ ရိုက်ပြီး မြေကွက်တွေပြန်ချပေးခဲ့တယ်။ ရသင့် ရထိုက်တာတွေ လည်း ပေးပြီးသားပါ။ ဒါပေမယ့် အခုဖြစ်က သူတို့က ကျူးကျော်နေထိုင်ကြလို့ပါ။ စည်ပင်ပိုင်မြေလည်း ဖြစ်နေတယ်။ ၂လုံးတော့   ဖယ်ရှားခဲ့ပြီးပါပြီး၊ အခု ၂လုံးကလည်း အရင် တရားစွဲပြီး ထောင်ဒဏ်လည်း ခံ ရ ပြီးပြီ၊ အခုက ပြန်ဆောက်နေတော့ ကျွန်တော်တို့ကလည်း တရားထက်စွဲပြီး ဖယ်ခိုင်းရတာပါ”ဟု ဥတ္တရသီ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆန်းဦး ကပြောသည်။


ဒိုးနွယ်ရွာ ဒေသခံများသည် ၂၀၀၇-၂၀၀၈ မတိုင်မှီထိ ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းလုပ်ကိုင်နေထိုင် ကြသူ များဖြစ်ကြောင်း၊   တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်သည့်အတွက် ရွာ၏ တောင်ဘက်(၁)မိုင် ခန့် အကွာရှိ ကျေးရွာများက   ပြောင်းရွေခံ ရွာသားများလည်း နေထိုင်ကြပြီး လက်ရှိတွင် အိမ်ခြေ(၁၅၀) ၀န်းကျင် ရှိကြောင်း သိရသည်။


“မနေ့ကတော့ အိမ်တွေဖယ်ခိုင်းတာတွေ ရပါတယ်။ စည်ပင်ပိုင်မြေဆိုပြီး ဖယ်ခိုင်းတာပါ။ အရင်ကလည်း ဒီမှာ ကျူးကျော် (စည်ပင်ပိုင်မြေ)ဆိုပြီးတရားစွဲခံရတာတို့၊ ထောင်ဒဏ်ခံရတာတို့ဖြစ်ခဲ့တယ်။ အခုလည်း ဥပဒေနဲ့ပဲ ကိုင်ပေါက်နေတော့တာ။ ကျွန်တော်တို့မှာလည်းတကယ်အဆင်မပြေလို့ပါ။

ရုံးရောက်ဘာရောက်လည်း မရှင်း နိုင်တော့ပါဘူး။ အခုက ဥပဒေဆိုတာနဲ့ အကုန်လုံးက ကြောက်နေရတယ်”ဟု ရတနာသိဒ္ဓိ ရပ်ကွက်၊ ဒိုးနွယ် ကွက်သစ်မှဒေသခံတစ်ဦးကပြောသည်။


 ဒိုးနွယ်ရွာတွင် ကျူးကျော်နေထိုင်အိမ်ထောင်စု(၁၅)စု ၀န်းကျင်ရှိကြောင်း၊ ကျူးကျော်နေထိုင် လာပါက ဥပဒေအရ အရေးယူနိုင်သလို ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ထောင်ဒဏ်အထိပါ အရေးယူနိုင်ကြောင်း မြို့နယ် စည်ပင်သာရေးကော်မတီက ဆိုသည်။


နေပြည်တော် ဥတ္တသီရိမြို့နယ်တွင် ဘဏ်လုပ်ငန်းများ၊ ၀န်ထမ်းအိမ်ယာများအကောင်အထည်ဖော် တည် ဆောက်လျက်ရှိပြီး
အိမ်ခြံမြေဈေးကွက်တွင် ပေ ၄၀×၆၀ တစ်ကွက်လျှင် ကျပ် သိန်း ၂၀၀-၃၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template