Headlines News :
Home » » ဆရာကြီးဒဂုန်တာရာမွေးနေ့ပွဲအခန်းအနား အောင်ပန်းမြို့တွင်ယနေ့ကျင်းပ

ဆရာကြီးဒဂုန်တာရာမွေးနေ့ပွဲအခန်းအနား အောင်ပန်းမြို့တွင်ယနေ့ကျင်းပ

Written By လွင့်မောင်မောင် on Sunday, May 6, 2012 | 11:37 PM



အောင်ပန်းမြို့တွင် တူမဖြစ်သူ ဒေါ် မြင့်စိန်(သင်းမြစန္ဒီ) နေအိမ်တွင်အတူနေထိုင်လျက်ရှိသော..
ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးဒဂုန်တာရာ ၏(၉၃)နှစ်မြောက်မွေးနေ့
အခန်းအနားကို အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင်...
ယနေ့(၆.၅.၂၀၁၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန် ကျင်းပသည်..
ဆရာကြီး၏ မွေးနေ့ပွဲအခန်းအနားကို နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ပြီး..
မွေးနေ့ပွဲသို့ စာရေးဆရာကြီးများဖြစ်သော ကိုလေး(အင်းဝဂုဏ်ရည်)၊
မောင်သာနိုး၊ အံ့မောင်၊ မောင်နွေထက်၊ ငခါး(ကွမ်းခြံကုန်း)နှင့် အနယ်နယ် အရပ်ရပ်မှ
 စာရေးဆရာများ၊ စာပေ၀ါသနာရှင်များနှင့်အောင်ပန်းမြို့မှ စာပေ၀ါသနာရှင်များ တက်ရောက်ဂါရ၀ပြုကြပါသည်။
ထို့အပြင် အောင်ပန်းမြို့တွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆွေးနွေးပွဲခရီးစဉ်အဖြစ်ရောက်ရှိနေသော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ မှလည်း ဆရာကြီးဒဂုန်တာရာ၏ မွေးနေ့အခန်းအနားသို့ တက်ရောက် ဂါရ၀ပြုခဲ့ကြပါသည်။
ဒဂုန်တာရာ၏ ၉၃ နှစ်ပြည့် မွေးနေ့ ပန်ကြားလွှာ
ယနေ့ ကျွန်တော်သည် အသက်၉၃နှစ်ပြည့်၍ ၉၄ နှစ်သို့ဝင်ရောက်လာခဲ့ပါပြီ
ကျွန်တ်ာသည် ကိုလိုနီကျေးကျွန်ဘ၀တွင် လူဖြစ်လာခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကြီးကို
ဖြတ်သန်းရ၍ ငြိမ်းချမ်းရေးကိုဆုံးရှုံးခဲ့ရပါသည်။
လွတ်လပ်ရေးရပြီးသည့်နောက်တွင်လည်း ပြည်တွင်းစစ်ကြောင့်ငြိမ်းချမ်းရေးကို
ဆုံးရှုံးခဲ့ရပြန်ပါသည်။ ယခုအထိ နှစ်ပေါင်း ၆၄ နှစ်ကြာသွားပါပြီ။ ကျွန်တော်သည်
ယခုအသက် ၉၄နှစ်ရောက်ပါပြီ။ ငြိမ်းချမ်းရေးကိုတွေ့ချင်၊ မြင်ချင်၊ ခံစားချင်ပါသည်။
ငြိမ်းချမ်းရေးကို မြင်သွားပါရစေဟု ဆုတောင်းချင်ပါသည်။
ကျွန်တော်သည် ငြိမ်းချမ်းရေးကို မြင်လို၊ တွေ့လို၊ ခံစားလိုသောစိတ်ဖြင့်
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်သက်တာလုံး
ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ပါသည်။
ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်
ကမ္ဘာတစ်ဝှမ်းလုံးလည်း ငြိမ်းချမ်းရေးခံစားကြရအောင်၊ ပြည်သူပြည်သား၊ ကမ္ဘာသူကမ္ဘာသား
အားလုံး အားလုံး အားလုံးတို့က လုံ့လ၊ ၀ီရိယ၊ ဇွဲသတ္တိ၊ သတိ၊
ပညာဥာဏ်အမြော်အမြင်၊ သည်းခံ၊ စိတ်ရှည်၊ ခွင့်လွှတ်နိုင်မှု၊ သဘောထားကြီးမှု၊
ညီညွတ်မှုတို့ဖြင့် အချိန်ကာလရှိသမျှ ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြပါရန် 
လေးစားအားကိုးစွာ ပန်ကြားနိုးဆော်လိုက်ပါသည်။

ဒဂုန်တာရာ
၆-၅-၂၀၁၂
အောင်ပန်းမြို့၊ သာမိုင်းခမ်း
Myanmar News Now 

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template