Headlines News :
Home » , » အမေရိကန်သို့ ဆန်ဒီမုန်တိုင်းဝင်ရောက်(ရုပ်-သံ)

အမေရိကန်သို့ ဆန်ဒီမုန်တိုင်းဝင်ရောက်(ရုပ်-သံ)

Written By လွင့်မောင်မောင် on Wednesday, October 31, 2012 | 7:47 AM


အမေရိကန်သို့ ဆန်ဒီမုန်တိုင်းဝင်ရောက်၊ နယူးယောက်နှင့် မြို့ကြီးအချို့တွင် ရေလွှမ်းပြီး ဓာတ်အားနှင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများပြတ်တောက် TUESDAY, 30 OCTOBER 2012 16:47 အမေရိကန်သို့ ၀င်ရောက် တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အပြင်းထန်ဆုံး မုန်တိုင်းတစ်ခု ဖြစ်သည့် ဆန်ဒီမုန်တိုင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် နိုင်ငံ၏ အရှေ့ဘက်ကမ်းကို ၀င်ရောက်တိုက်ခတ်ခဲ့ပြီး နယူးယောက်မြို့လမ်းမများတွင် စံချိန်တင်ရေလွှမ်းမိုးမှုများဖြစ် စေခဲ့ကာ လူသန်းနှင့်ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပြီး ပို့ဆောင် ဆက်သွယ်ရေးလမ်းကြောင်းများ လည်း ပြတ်တောက်စေခဲ့သည်။ အောက်တိုဘာလ ၂၉ ရက် နေ့က နယူးဂျာစီကမ်းရိုးတန်းသို့ မ၀င်မီ ဟာရီကိန်းမုန်တိုင်းအဖြစ်မှ လျော့ကျသွားခဲ့သော်လည်း အင်အားပြင်းထန်ဆဲဖြစ်ကာ မုန်တိုင်းကြောင့်သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိသွားပြီဖြစ်သည်။ မုန်တိုင်း မှာ အနောက်ဘက်သို့ဆက်လက် ဦးတည်တိုက်ခတ်လာသောကြောင့် ပြည်နယ် ၁၀ ခုကျော်မှ လူ တစ်သန်းကျော်ခန့်ကို အရေးပေါ် နေရာရွှေ့ပြောင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။ မုန်တိုင်းကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ် လာ ဘီလျံ ၂၀ ကျော်မျှ ရှိနိုင်ပြီး ထက်ဝက်ခန့်သာ အာမခံထားရှိထားသည်များဖြစ်သည်ဟု ဘေးအန္တရာယ် ဆုံးရှုံးမှုခန့်မှန်းရေး ကုမ္ပဏီ တစ်ခုကခန့်မှန်းထားသည်။ မုန်တိုင်းသည် သမ္မတရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးမဲဆွယ်မှုများကိုလည်း ရပ်တန့်စေခဲ့ပြီး စတော့ဈေးကွက်များ နှစ်ရက်ကြာ ပိတ်ထားရပြီး ဖြစ်သည်။ မုန်တိုင်းသည် အတ္တလန်တစ် စီးတီးသို့ ၂၉ ရက်နေ့ ညပိုင်းတွင် ၀င်လာခဲ့ပြီး ကုန်းမြေသို့ဝင်ချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၉၀ မှ မိုင် ၈၀ သို့ ကျသွားခဲ့သည်။ ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့ပြီး သစ်ပင်များကျိုးပြတ်ခဲ့ ကာ မြို့မြောက်ဘက်ရှိ ကမ်းခြေ လျှောက်လမ်းအပိုင်းလိုက် ပျက်စီးသွားခဲ့ကြောင်း အတ္တလန်တစ်စီးတီး မြို့တော်ဝန် လော်ရန်ဇိုလန်းဖို့ဒ်က ပြောကြားခဲ့သည်။ နယူးယောက်တွင် မင်ဟတ် တန်အောက်ပိုင်းရှိ ဘက်ထရီပါ့ခ် တွင် ဒီရေ ၁၄ လက်မအထိတက်ခဲ့ ပြီး ၁၉၆၀ ပြည့်နှစ်က ဟာရီကိန်း ဒိုနာ ၀င်ရောက်ခဲ့စဉ်က ဒီရေတက်မှုထက် ၃ လက်မ ပိုခဲ့သည်။ နယူးယောက်တွင် ရထားနှင့်ဘတ်စ်ကား လိုင်းများရပ်ဆိုင်းထားရပြီး ကျောင်းများလည်းပိတ်ထားရသည် ဟုသိရသည်။ မန်ဟတ်တန်နှင့် အခြားမြေနိမ့်ပိုင်းဧရိယာများမှာ လူ ၄၀၀၀၀၀ ခန့်ကိုလည်း နေရာရွှေ့ ပြောင်းရန်စီစဉ်ပေးခဲ့ရသည်။ နယူးယောက်ရှိ အဓိက လေဆိပ်သုံးခုစလုံးကိုပိတ်ထားခဲ့ ရ သလို ရေမှာ မင်ဟတ်တန်အောက် ပိုင်းမြေအောက်ဘူတာရုံများအတွင်း ၀င်ရောက်ခဲ့ကာ မင်ဟက်တန် အောက်ပိုင်းနှင့် ဘရွတ်ကလင်းကို ဆက်ထားသော ဥမင်ကိုပါရေလွှမ်း ခဲ့သည်။လေတိုက်နှုန်းပြင်းသော ကြောင့် မင်ဟက်တန်ရှိတာဝါမြင့် ကြီးများရှိရာ အရပ်တွင် ဆောက်လက်စတာဝါတစ်ခုမှ ကရိန်းကြီး ပျက်ကျလာသောကြောင့် ပတ်ဝန်းကျင်မှ လူများကို အရေးပေါ်ကယ်ဆယ်ခဲ့ရသည်။ နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်ျက မင်ဟန်တန် အောက်ပိုင်းတွင် ရေအလွန်အမင်း များပြားနေပြီး လမ်းမများတွင် သစ်ပင်များဖြင့်ပိတ်နေကာ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများနှင့် ကြုံနေရကြောင်း သတင်းထောက်များ က ပြောကြားခဲ့သည်။ နိုင်ငံအရှေ့မြောက်ပိုင်းတွင် လူ ၂ ဒသမ ၈ သန်းမျှ လျှပ်စစ်ဓာတ် အားပြတ်တောက်နေပြီး အချို့နေရာများမှာ မြေအောက်ဓာတ်အားပေး ကိရိယာများကို ကာကွယ်ရန် ဓာတ်အားဖြတ်တောက် ပစ်ခဲ့ရခြင်းဖြစ်သည်။ နယူးယောက်ပြည်နယ်တွင် မုန်တိုင်းဆက်စပ် မတော်တဆမှုများကြောင့် အနည်းဆုံးလူ ငါးဦးသေ ဆုံးခဲ့ရပြီး ယင်းတို့အနက်မှ သုံး ဦးမှာနေအိမ်ပေါ် သစ်ပင်ပြိုကျပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။နယူးဂျာဆီ နှင့် ကွန်နက်တီကပ်တွင်လည်း သစ်ပင်ပိသောကြောင့် သေဆုံး သူများ ရှိခဲ့သည်။အနောက်ဗာဂျီးနီး ယားတွင်မူ ဒေးဗစ်မြို့ရှိ ငါးလက်မထူသောနှင်းထုမှာ မုန်တိုင်းကြောင့် ပြိုကျပြီး အမျိုးသမီးတစ်ဦးကား မတော်တဆဖြစ်ကာ သေဆုံးခဲ့သည်။ ကုန်းတွင်းပိုင်းသို့မ၀င်မီတွင် လည်း မြောက်ကာရိုလိုင်းနား ကမ်းလွန်မှ သမိုင်းဝင်ဗြိတိန်သင်္ဘောနှင့် ပုံစံတူတည်ဆောက်ထားသော HMS Bounty မှာပျက်စီးသွားခဲ့ပြီး သင်္ဘောသား ၁၆ ဦးကို ကယ်ဆယ်ခဲ့ရကာ ကက်ပတိန်မှာမူ ပျောက်ဆုံး နေဆဲဖြစ်သည်။ ကာရစ်ဘီယန်ဒေသတွင် လည်း ဆန်ဒီသည် ဟာရီကိန်းမုန်တိုင်းအဖြစ် ၀င်မွှေသွားခဲ့ပြီး လူ ၆၇ ဦးထက်မနည်း သေဆုံးခဲ့ရကာ ဟေတီနိုင်ငံမှာ အဆိုးရွားဆုံးခံခဲ့ရ ကာ ၅၁ ဦးသေဆုံးခဲ့သည်။ ဆန်ဒီမုန်တိုင်းမှာ လပြည့်နေ့ နှင့် တိုက်ဆိုင်သောကြောင့် ဒီရေပို တက်ခြင်းက အားဖြည့်ပေးခဲ့ပြီး ပိုမို အပျက်အစီးများခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းသည် အေးခဲနေသော အရှေ့ပိုင်းဒေသသို့ အရောက်တွင် စူပါမုန်တိုင်းအဖြစ် အသွင်ပြောင်းသွား ကာ ရေကြီးမှုနှင့်နှင်းမုန်တိုင်းများ ထပ်ဖြစ်လာစေနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။ လူဦးရေထူထပ်သည့် နိုင်ငံအရှေ့မြောက်ပိုင်းမှ အများပြည်သူ ပို့ဆောင်ရေး အများအပြားရပ်ဆိုင်း သွားခဲ့ပြီး အထိမ်းအမှတ်နေရာများ တွင် လူများခြောက်ကပ်နေပြီး ကျောင်းများ၊ ရုံးများပိတ်ထားရသည်။ မဟာဓာတ်အားလိုင်းအဖွဲ့ကလည်း မုန်တိုင်းကြောင့် လူ သန်း ၆၀ ခန့် ဓာတ်အားပြတ်တောက်မှု နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template