Headlines News :
Home » » ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အီးယူအဖွဲ့က ယူရိုငွေ (၇)သိန်း ကုမည်

ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အီးယူအဖွဲ့က ယူရိုငွေ (၇)သိန်း ကုမည်

Written By လွင့်မောင်မောင် on Saturday, November 3, 2012 | 10:50 PM

မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အီးယူ ဥရောပသမဂ္ဂနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ တာဝန်ရှိသူတွေဟာ ဒီကနေ့မှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ မနေ့ ညနေပိုင်းက ပြုလုပ်တဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ အီးယူဥရောပသမဂ္ဂရဲ့ ဥက္ကဌ မစ္စတာ ဟိုဆေး- ဘာရိုဆိုနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ကြပြီး သဘောတူညီချက်အရ အီးယူ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေမှာ အထောက်ကူဖြစ်စေဖို့ ကနဦး ကူညီငွေ ယူရိုငွေ (၇)သိန်းကို ၂၀၁၂ခုနှစ်မကုန်ခင် ပေးအပ်ကူညီသွားမယ်လို့ သိရပါတယ်။

... မစ္စတာဘာရိုဆိုက မြန်မာနိုင်ငံရဲ့ အခုလိုအပြောင်းလဲကာလမှာ ရခိုင်ကိစ္စလို ပဋိပက္ခတွေနဲ့ ကြုံတွေ့နေရပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အဲဒီအခက်ခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်းကိုလည်း ပြောကြားသွားပါတယ်။ အီးယူအနေနဲ့၂၀၁၃ ခုနစ်မှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ် တွေအတွက် ယူရိုငွေ သန်း(၃၀) ထပ်မံ ကူညီပေးအပ်သွားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ ဥက္ကဌဟာ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတယ်လို့ NLD ပါတီက သတင်းထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂဥက္ကဌ နဲ့ အတူ ရန်ကုန် အခြေစိုက် EU ရုံးတာဝန်ခံနဲ့ အဖွဲ့တို့ ပါဝင်တယ်လို့ NLD ပြန်ကြားရေးဌာနက မိုးဇော်သိန်းက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာများနဲ့ပတ်သက်ပြီး အသေးစိတ်ကြေညာခြင်းမရှိပါဘူး

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template