Headlines News :
Home » » ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပမည်

ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပမည်

Written By လွင့်မောင်မောင် on Friday, November 2, 2012 | 4:29 PM

ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်များတွင် ကျင်းပမည်ဖြစ်သည်။
ယခုနှစ် ဖိုရမ်၏ အကြောင်းအရာခေါင်းစဉ်မှာ “Turbulent World. Rising Asia. Where do we go from here?” ဖြစ်သည်။

လက်ရှိအခြေအနေသည် မြန်မာနိုင်ငံအတွက် အရေးပါသော အခါသမယ ဖြစ်နေသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းမျာ
းစွာ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲ သီးခြားနေထိုင်ခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခဲ့သည့်အတွက် ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှုများ ရှိလာသည်။

ယခင်က အလားတူ ဖိုရမ် ရှစ်ကြိမ် လုပ်ခဲ့ဖူးပြီး ယခုနှစ်ဖိုရမ်က အာဆီယံ၏ လက်ရှိနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုအဖွဲ့အစည်းများမှ နောင်လာမည့်ခေါင်းဆောင်များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဖိုရမ်အတွက် ဖိတ်ကြားထားသည့် ဟောပြောသူများထဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘ်ဟီးဆစ်၊ စာရေးဆရာ ဦးသန့်မြင့်ဦး၊ SPA Group မှ မစ္စတာ Serge Pun၊ ထိုင်းနိုင်ငံ The Nation မှ သတင်းစာဆရာ ကာဝိတို့ ပါဝင်သည်။
Eleven Media Group
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template