Headlines News :
Home » » လွှတ်တော်များ၊ လွှတ်တော်များမှ ဖွဲ့စည်းထားသည့်ကော်မတီ၊ ကော်မရှင်အဖွဲ့များအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်မည်

လွှတ်တော်များ၊ လွှတ်တော်များမှ ဖွဲ့စည်းထားသည့်ကော်မတီ၊ ကော်မရှင်အဖွဲ့များအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်မည်

Written By လွင့်မောင်မောင် on Friday, November 2, 2012 | 7:49 PM

လွှတ်တော်များ၊ လွှတ်တော်များမှ ဖွဲ့စည်းထားသည့်ကော်မတီ၊ ကော်မရှင်အဖွဲ့များအနေဖြင့် လွှတ်တော်၏တာဝန်များကို ဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်စေရန်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။


ယင်းကဲ့သို့ တိုက်ရိုက်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာပေးပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါသ၀ဏ်လွှာတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်လို့ ခေါ်တဲ့ လွှတ်တော်အဖွဲ့အစည်းများ၊ လွှတ်တော်များကဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နဲ့အဖွဲ့သည် လွှတ်တော်ရဲ့တာဝန်များကို စုပေါင်း၍ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ထမ်းဆောင်နေရကြောင်း၊ လွှတ်တော်တာဝန်များကို ထမ်းဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ဆက်သွယ်ဆောင်ရွက်ရာမှာ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်မှသာ မြန်ဆန် ထိရောက်မှုနှင့် အဆင်ပြေမှုများ ရှိလာမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းကို တည်ဆဲလွှတ်တော်ဆိုင်ရာဥပဒေများနှင့် ကော်မတီ၊ ကော်မရှင်အဖွဲ့များ၏ ဖွဲ့စည်းမိန့်များတွင် ဖော်ပြထားပြီး အခွင့်အာဏာလည်း အပ်နှင်းထားကြောင်းလည်း သိရသည်။ လွှတ်တော်များက ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့်ဖြစ်စေ ဆက်သွယ်ရာတွင်လည်းကောင်း၊ လွှတ်တော်များက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်အဖွဲ့များက သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရာတွင်လည်းကောင်း တိုက်ရိုက်ဆက်သွယ်သည့်နည်းလမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် လိုအပ်သည့်အတွက် သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template